徐敏霞

အမေရိကန် လွှတ်တော် အမတ် တစ်ချို့က အကြမ်းဖက်သမားများရဲ့ ကိုယ်စားပြုသူ ဖြစ်ချင်တာလား

(GMT+08:00)2019-12-10 10:22:35  

圖片默認標題_fororder_xin2

China Media Group လက်အောက်ခံ တရုတ် ဂလိုဘယ် ရုပ်သံ ဝက်ဘဆိုက် CGTN မှာ   မကြာခင်က အင်္ဂလိပ်ဘာသာ မှတ်တမ်းတင်ကား နှစ်ကားကို ထုတ်လွှင့်ပြီး အကြမ်းဖက်မှုနဲ့ ဘာသာရေး အစွန်းရောက်မှုကြောင့် ရှင်းကျန်း အပေါ် ဖြစ်စေတဲ့ ဘေးအန္တရာယ်များကို ပြသထားပါတယ်။ ဒါပေမယ့် အမေရိကန် လွှတ်တော် အမတ် တစ်ချို့ကတော့ ရှင်းကျန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ အစွန်းရောက်မှု ပပျောက်ရေး ဆိုင်ရာ တရုတ်ပြည်ရဲ့ မူဝါဒများကို ပုတ်ခတ် စွပ်စွဲ ပြောဆိုခဲ့ကြတယ်။ သူတို့ဟာ စံနှစ်မျိုး ထားပြီး အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုကို လက်လွတ်စပယ် ပြုလုပ်ပြီး မသိမသာ အကြမ်းဖက်သမားများရဲ့ ကိုယ်စားပြုသူ ဖြစ်လာနေကာ လူသားများရဲ့ အကျင့်တရားကို ပြင်းပြင်းထန်ထန် ကျောခိုင်း ဖောက်ဖျက်နေတယ်လို့  China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြ ထားပါတယ်။

အမေရိကန် လွှတ်တော် အမတ် အချို့ရဲ့ အမြင် အရ၊ အမေရိကန်မှာ ဖြစ်ပွါးတဲ့၊ စက်တင်ဘာလ ၁၁ ရက်နေ့လို အကြမ်းဖက် တိုက်ခိုက်မှုကြီး မှသာ အကြမ်းဖက်ဝါဒ အဖြစ် သတ်မှတ်နိုင်တာလား၊ ပြည်သူပြည်သားများရဲ့ အရင်းခံ အကျိုးစီးပွါးကို ထိန်းသိမ်းကာကွယ်ဖို့ တရုတ်နိုင်ငံရဲ့ ကြိုတင်ကာကွယ်တဲ့ သဘော ဖြစ်တဲ့ ဆောင်ရွက်မှုကိုတော့ ပုတ်ခတ် စွပ်စွဲ ခံသင့်တယ်လို့ သူတို့ ယူဆတာလား၊ အမေရိကန် နိုင်ငံရေးသမား အချို့က လူသားများ အကျင့်တရားကို ဆန့်ကျင်ပြီး ဇွတ်အတင်း လုပ်ဆောင် ပါက သမိုင်းရဲ့ ဒဏ်ခတ်မှု ခံရမှာ သေချာတယ်လို့ ဆောင်းပါးထဲမှာ ရေးသား ထားပါတယ်။ (ကျော့)