朱蕾

ကန် အနေနှင့် နေရာတကာ ရန်ရှာမှုမလုပ်သင့်ဟု တရုတ် ဆို

(GMT+08:00)2019-12-10 11:15:19  

မကြာခင်ရက်များက အမေရိကန် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး Mark Esper ၏ တရုတ်ပြည်ရေးရာ အပြောအဆိုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဟွာချွန်ယဉ်က တရုတ်ပြည်သည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေးလမ်းကြောင်းကို စွဲကိုင်ပြီး၊ ကာကွယ်ရေးသဘောဖြစ်သည့် နိုင်ငံတော်မူဝါဒကို ကျင့်သုံးကြောင်း၊ အမေရိကန်အနေနှင့် ခေတ်လွန်နေပြီး စစ်အေး အတွေးအခေါ်ကို စွန့်ပယ်ပြီး၊ နေရာတကာ ရန်ရှာမှုမလုပ် သင့်ကြောင်း ယခုလ ၉ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

မကြာခင်က မိန့်ခွန်းပြောကြားခဲ့ရာ၌ အမေရိကန် ကာကွယ်ရေးဝန်ကြီး Esper က “ပြင်ဆင်ရေးဝါဒ ကျင့်သုံးသည့် နိုင်ငံကြီး” ရုရှားနှင့် တရုတ်တို့သည်၊ နိုင်ငံငယ် စီးပွားရေးနှင့် လုံခြုံမှုပေါ်လစီများအပေါ် ပယ်ချခွင့်ကို ရှာကြံနေကြကြောင်း ပြောဆိုခဲ့သည်။

ယင်းနှင့်စပ်လျဉ်း၍ ဟွာချွန်ယဉ်က တရုတ်ပြည်သည်၊ ကိုယ်ပိုင်ဆုံးဖြတ်သည့်  ငြိမ်းချမ်းသော နိုင်ငံခြားရေးမူဝါဒကို အစဉ်တစ်စိုက်ကျင့်သုံးပြီး၊ နိုင်ငံကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ တန်းတူညီမျှစွာ ပေါင်းသင်းဆက်ဆံရန် မှတ်ယူကြောင်း၊ တခြားနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် တရုတ်ပြည်က မည်သည့်အချိန်ကမှ ဝင်စွက်မှုမပြုလုပ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။