宋冉

လိကျန့်ရှူသည် ဆောတိုမီနှင့် ပရင်စီပီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေဗေစ်နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2019-12-10 15:34:57  

တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌ လိကျန့်ရှူသည် ဒီဇင်ဘာလ၉ရက်နေ့က ပီကင်းမြို့၌ အလည်အပတ်ရောက်ရှိနေသော ဆောတိုမီနှင့် ပရင်စီပီအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေဗေစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

ဥက္ကဋ္ဌနေဗေစ်က ဆောတိုမီနှင့် ပရင်စီပီနိုင်ငံအနေနှင့် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို စွဲကိုင်ပြီး တရုတ်ပြည်၏ အရေးကြီး နိုင်ငံတကာရေးရာများအပေါ် သဘောထားရပ်တည်ချက်ကို ထောက်ခံကြောင်း၊ တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများကို သင်ယူလေ့လာပြီး စွမ်းအင်၊ အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ ငါး​မွေးမြူရေးလုပ်ငန်း၊ ကျန်းမာရေးနှင့် ပညာရေးစသော နယ်ပယ်များ၌ အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ကာ နှစ်နိုင်ငံဥပဒေပြုရေးဌါနများအကြား ကူးလူးဖလှယ်မှုကို တဆင့်တိုးတွန်းအားပေး လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။