李悅

China Media Group ဥက္ကဋ္ဌ၏ ၂၀၂၀ ပြည့်နှစ် နိုင်ငံခြား ပရိသတ်များအား နှစ်သစ် နှုတ်ခွန်းဆက်စကား

(GMT+08:00)2020-01-01 16:35:20  

圖片默認標題_fororder_1

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် စီအာအိုင်နှင့် အင်တာနက်မှ တစ်ဆင့် တစ်ကမ္ဘာလုံးမှ နိုင်ငံခြား ပရိသတ်များအား နှစ်သစ် နှုတ်ခွန်း ဆက်သခဲ့ပါသည်။ နှုတ်ခွန်းဆက်စကားမှာ အောက်ပါအတိုင်း ဖြစ်သည်။

၂၀၂၀ ဟာ ကျက်သရေ မင်္ဂလာ အပြည့် ရှိတဲ့ သာယာလှပတဲ့ ဂဏန်း တစ်ခု ဖြစ်ပြီး တရုတ်လို အသံထွက် ဆိုရင် မင်းကို ချစ်တယ် မင်းကိုချစ်တယ် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်း ၁ ရက်နေ့ အခါသမယမှာ ကျွန်တော်က China Media Group ကိုယ်စား ပီကင်းမှနေ့ နှစ်သစ် ဆုမွန်ကောင်း တောင်းပေးနေပါတယ်။

လူသားရဲ့ သမိုင်းဟာ အချိန် တစ်ပိုင်းပြီးတစ်ပိုင်းနဲ့ ဖြစ်လာတာ ဖြစ်တယ်။ အောက်တိုဘာလ ၁ ရက်နေ့က ကျွန်တော်တို့ဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခဲ့တဲ့ နှစ် ၇၀ ပြည့်မြောက်ခြင်းကို ခမ်းနားသိုက်မြိုက်စွာ အထိမ်းအမှတ် ပြုခဲ့ကြတယ်။ မိတ်ဆွေများက China Media Group ရဲ့ ဘာသာစကား မျိုးစုံ ဖြစ်တဲ့ “မိမိတို့ လမ်းပေါ်၌ လျှောက်လှမ်းနေသည်” မှတ်တမ်းတင်ကား၊ 4K အဆင့်မြင့် ကြည်လင်ပြတ်သားမှု ရုပ်ရှင်ကား “ယခုအချိန် ၂၀၁၉ ဗိုလ်ရှုသဘင်ပွဲ”ကို ကြည့်ရှုပြီး တရုတ်ပြည်ရဲ့ နှစ် ၇၀ အတွင်း ထူးချွန်တဲ့ လမ်းစဉ်အကြောင်းကို အတူ မျှဝေ ခံစားရပါတယ်။ ကျွန်တော်က မိတ်ဆွေ တော်တော်များများဆီက ဆုတောင်းစကားများကို ရရှိ ခဲ့ပါတယ်။ အီတလီနိုင်ငံမှ တရုတ်ပြည်အကြောင်း ပညာရှင် မာလင်ချောင်က၊ ကျွန်တော်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်တဲ့ နှစ် ၇၀ အတွင်း ပြောင်မြောက်တဲ့ တိုးတက် အောင်မြင်မှုများ အတွက် လိုက်ခ် ပေးချင်တယ်၊ တရုတ်ပြည်သူများက ဒါ့အတွက် ဂုဏ်ယူ သင့်တယ်လို့ အီးမေးလ်မှာ ရေးသားဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ကျွန်တော်တို့ဟာ ကမ္ဘာကြီးအား စစ်မှန်၊ တိကျ၊ ဘက်စုံသော ခေတ်သစ် တရုတ်ပြည် အကြောင်းကို ပြသပေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ 5G+4K/8K+AI အစရှိတဲ့ ထုတ်လွှင့်မှု နည်းပညာနဲ့ အသွင်ပုံစံများကို အသုံးပြုပြီး၊ Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်၊ အာရှ ယဉ်ကျေးမှု ဆွေးနွေးပွဲ၊ မကာအို အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည် ဝင်ရောက်ခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများ အပါအဝင် အရေးကြီး အကြောင်းအရာများကို အောင်မြင်စွာ ထုတ်လွှင့် ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ “ရှီကျင့်ဖိန် ကြိုက်နှစ်သက်သော ကျမ်းဂန်ပါပုံပြင်များ”၊ “အကယ်၍ နိုင်ငံတော် ရတနာများ စကားပြောနိုင်ပါက” စသည့် ဘာသာစကား မျိုးစုံဖြစ်တဲ့ ရုပ်သံအစီအစဉ်များကို ထုတ်လွှင့်ပြီး မိတ်ဆွေများက တရုတ်ပြည်၏ သမိုင်း ယဉ်ကျေးမှုနှင့် ခေတ်သစ် တရုတ်ပြည်အကြောင်း နားလည်သိရှိနိုင်ရန်အတွက် ပြတင်းပေါက် တစ်ချပ်ကို ဖွင့်ပေးပါတယ်။

China Media Group ဖွဲ့စည်းတည်ထောင်တာ နှစ်နှစ်သာ ရှိတယ်။ ယနေ့လို အင်တာနက်ခေတ်မှာ တိုးတက်မှု မရှိရင် နောက်ဆုတ်တာနဲ့ တူပြီး တိုးတက်မှု နှေးကွေးရင်လည်း နောက်ဆုတ်တာပဲ ဖြစ်ပါတယ်။ တည်ကြည်ဖြောင့်မတ်ရေးနဲ့ ဆန်းသစ်တီထွင်ရေးကို စွဲကိုင်ပြီး မီဒီယာသစ်၊ ပလက်ဖောင်းသစ်ကို ကောင်းမွန်စွာ ထူထောင် အသုံးကျရတယ် ဆိုတဲ့ ဥက္ကဋ္ဌ ရှီကျင့်ဖိန် မှာကြားတဲ့စကားကို ကျွန်တော်တို့ စွဲစွဲမြဲမြဲ မှတ်ထားပါတယ်။ ကျွန်တော်တို့ဟာ ဆန်းသစ်တီထွင်ရေးကို ရှေးရှုပြီး ကမ္ဘာ့ ရှေ့ပြေး အမျိုးအစားသစ် ပင်မ မီဒီယာ ဖြစ်လာအောင် တစ်ရှိန်ထိုး ချီတက် နေပါတယ်။ တစ်နှစ်အတွင်း ကျွန်တော်တို့ဟာ တရုတ်ပြည်ရဲ့ တစ်ခုတည်းသော စူပါ အဆင့်မြင့် ကြည်လင်ပြတ်သားမှု ရုပ်သံ အသံလွှင့် ဆိုင်ရာ နိုင်ငံတော်အဆင့် စမ်းသပ်ခန်းကို စတင် တည်ဆောက်ခဲ့တယ်။ ကိုယ်ပိုင် ထုတ်လုပ် ထိန်းချုပ်နိုင်တဲ့ ရုပ်သံ မီဒီယာသစ် ဆိုင်ရာ စီစီတီဗီ 5G မီဒီယာသစ် ပလက်ဖောင်းကို အစွမ်းကုန် တည်ဆောက်ဖြစ်ခဲ့တယ်။ အစီအစဉ်ကောင်း ၂၀၀ ကျော်ကို ထုတ်လုပ် ပြုစု ထုတ်လွှင့်ခဲ့ပါတယ်။

နိုင်ငံတကာ အရေးကြီး သတင်းများကို ပကတိကျကျ တရားမျှတစွာ ဘက်စုံ ထုတ်လွှင့်ပေးခြင်းဟာ ကျွန်တော်တို့ အစဉ်တစိုက် စွဲကိုင်တဲ့မူပဲ ဖြစ်တယ်။ ကျွန်တော်တို့ဟာ တံခါးဖွင့်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောထားနဲ့ ပြည်တွင်းပြည်ပမှ လုပ်ဖေါ်ကိုင်ဖက်များနဲ့ တန်းတူရည်တူ ကူးလူးဖလှယ်ခဲ့ကြတယ်။ တစ်နှစ်အတွင်း ကျွန်တော်က အေပီသတင်းဌာန၊ ရိုက်တာ သတင်းဌာန၊ ပြင်သစ် သတင်းဌာန၊ ဘီဘီစီ အပါအဝင် နိုင်ငံခြား မီဒီယာဌာန ၁၅၀ ကျော်မှ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီး မိတ်ဆွေများ အဆက်မပြတ် တိုးပွါးလာပါတယ်။

ဒါပေမယ့် ဝမ်းနည်းဖို့ ကောင်းတာကတော့ အနောက်မီဒီယာ တစ်ချို့က တရုတ်ပြည်နဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မြင်သင့်တာကို မမြင်ယောင်ဟန်ဆောင်တယ်၊ ဒီ့ထက်မက လမ်းဘေးသတင်းတွေကို သတင်း အဖြစ် ဖြန့်ခဲ့တယ်။ တစ်ချို့သတင်းဟာ မရှိကို အရှိ ဖြစ်အောင် လုပ်တဲ့ ဝတ္ထုလို ဖြစ်တယ်။ အဖြစ်မှန်ဟာ သတင်းရဲ့ အသက်ဝိညာဉ် ဖြစ်တယ်၊ စိတ်ကူးယဉ်မှုနဲ့ သတင်း ထုတ်ပြန်ရင် မီဒီယာရဲ့ သစ္စာကို ပြင်းထန်စွာ ထိခိုက်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။

၁၈ ရာစုနှစ်က ဗြိတိန် စာရေးဆရာ ဟာဇ်လီဒ်ရဲ့ နာမည်ကျော် စကား တစ်ခွန်း ရှိတယ်၊ အသိပညာ ခေါင်းပါးမှုကြောင့် အထင်လွဲမှု ဖြစ်စေတယ်တဲ့။ အဖြစ်မှန်ကို လိုလားခြင်းနဲ့ အထင်လွဲမှု ပပျောက်စေခြင်းဟာ အင်မတန် တန်ဖိုးရှိပါတယ်။ China Media Group အနေနဲ့ ပကတိကျကျဖြစ်ရေး၊ တရားမျှတရေးနဲ့ ဘက်စုံဖြစ်ရေး ရပ်တည်ချက်နဲ့ နိုင်ငံတကာ မိသားစုကြီးအား အဖြစ်မှန် အသံများ၊ ပကတိကျတဲ့ အသံများကို ဆက်လက် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

တရုတ်ပြည် ထမ်မင်းဆက်ခေတ်က ကဗျာဆရာ ကျမ်းကျိုလင်ရဲ့ ကဗျာထဲမှာ၊ အပြန်အလှန် နားလည်ပါက မိုင် ၁ သောင်း ဝေးရာမှာ နေရင်တောင် အိမ်နီးချင်းလို နီးကပ်တာကို ခံစားရတယ်တဲ့။ ဒီကမ္ဘာလုံးပေါ်မှာ အတူ နေရတာ ကိုယ်၌ပဲ ရေစက် တစ်မျိုး ဖြစ်တယ်။ ဘရာဇီးနဲ့ အာဂျင်တီးနားမှာ ခရီးလှည့်လည်ခဲ့စဉ်က ကျွန်တော်က ကွမ်တုန်းပြည်နယ်မှာ တွေ့ဖူးတဲ့ ပန်းတွေ ငှက်တွေကို တွေ့မြင်ခဲ့တယ်။ အီတလီနဲ့ စပိန် နိုင်ငံမှာလည်း ကျွန်တော်က ကိုယ့်ဇာတိရွာမှာ စားဖူး သောက်ဖူးတဲ့ အရက်နဲ့ ဝက်ပေါင်ခြောက်ပြားကို စားခဲ့ရတယ်။ ကမ္ဘာလုံးရွာ ဆိုတဲ့ ဝေါဟာရကို ကိုယ်တွေ့မျက်မြင် ခံစားခဲ့ရပါတယ်။ မီဒီယာများ အချင်းချင်း ကူးလူးဖလှယ်မှုဟာ အထင်လွဲမှုများ ပပျောက် စေနိုင်ပြီး ပိုများတဲ့ လူတွေကို မိတ်ဆွေများ ဖြစ်လာစေနိုင်မယ်လို့ ကျွန်တော် ခံယူပါတယ်။

၂၀၂၀ ပြည့်နှစ်ဟာ တရုတ်ပြည် အသင့်အတင့် ချမ်းသာတဲ့ လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝ ဘက်စုံ တည်ဆောက်ရေးဆိုင်ရာ နောက်ဆုံးနှစ် ဖြစ်ပါတယ်။ လူသားများ သမိုင်းမှာ မကြုံစဖူးသော လူဦးရေ ၁၄ သန်း ရှိတဲ့ နိုင်ငံမှာ အလွန်အကျွံဆင်းရဲမှု လုံးဝ ပပျောက်ရေးလည်း ဖေါ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ China Media Group အနေနဲ့ ကောင်းသည်ထက်ကောင်းအောင် ကြိုးပမ်းဆောင်ရွက်ပြီး မိတ်ဆွေများ အတွက် ပိုမို များပြားတဲ့ တရုတ်နဲ့ ကမ္ဘာပေါ်မှာ ဖြစ်ပွါးနေတဲ့ ကိစ္စသတင်းများကို ထုတ်လွှင့်ပေးမှာ ဖြစ်ပြီး လူသား ကံကြမ္မာ အသိုက်အဝန်း တည်ထောင်မှု တွန်းအားပေးရေးအတွက် အကျိုးပြု စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်၊ လူ့လောကမှာ ချစ်မေတ္တာ ပြည့်ပါစေ

တရုတ်ပြည် အတွက် ကမ္ဘာကြီးအတွက် ခင်ဗျား အတွက် ဆုမွန်ကောင်း တောင်းပါတယ်။