ယမန်နေ့ ၁၉ရက်နေ့က တရုတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ မွန်ဝေသည် ပီကင်းတွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ Teslaရှန်ဟိုင်းအစီအစဉ်သည် တစ်နှစ်အတွင်း စတင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပြီးဆုံးပေးအပ်ခြင်းကို အောင်မြင်စွာလုပ်ကိုင်ခဲ့ကြောင်း၊ ယင်းသည် တရုတ်တွင်စီးပွားရေးလုပ်ကိုင်ရန် ပတ်ဝန်းကျင် ကောင်းမွန်လာသော ပုံသဏ္ဌာန်အငယ်စားဖြစ်ကြောင်း၊ တရုတ်နိုင်ငံဒေသအသီးသီးတွင် ဝန်ဆောင်မှုကို ပိုမိုအာရုံစူးစိုက်ပြီး စီးပွားရေးလုပ်ကိုင်ရန် ပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာခြင်းနှင့်အညီ လုပ်ငန်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်း ပြေားကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။