宋冉

လူတစ်ဦးချင်းပျမ်းမျှဂျီဒီပီ အမေရိကန်ဒေါ်လာ၁သောင်းကို ကျော်လွှားခြင်းသည် တရုတ်ပြည်၏အတော်အသင့်ချမ်းသာသောလူ့ဘောင်အဖွဲ့အစည်းကိုဘက်စုံတည်ဆောက်မှုတွန်းအားပေးရေးတွင် အရေးကြီး အောင်မြင်မှုဖြစ်သည်

(GMT+08:00)2020-01-20 16:18:27  

တရုတ်နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ မွန်ဝေက ဇန်နဝါရီလ၁၉ရက်နေ့က ပီကင်းမြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ၂၀၁၉ခုနှစ်တွင် တရုတ်ပြည်မှာ လူတစ်ဦးချင်းပျမ်းမျှအားဖြင့် ဂျီဒီပီ အမေရိကန်ဒေါ်လာ ၁သောင်းကို ကျော်ခဲ့ပြီး တရုတ်ပြည်၏ နိုင်ငံတော်အင်အားပိုမိုတောင့်တင်းလာခြင်း၊ ကုန်ထုတ်လုပ်မှုစွမ်းအားတိုးမြင့်လာခြင်းနှင့် ဝင်ငွေများသောနိုင်ငံဖြစ်လာရန် သို့ခြေလှမ်းတစ်လှမ်းတက်လှမ်းလိုက်ခြင်းကို ပြသနေကြောင်း၊ ယင်းသည် တရုတ်ပြည်၏ အတော်အသင့်ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်းကို ဘက်စုံတည်ဆောက်ရန် တွန်းအားပေးရေးလုပ်ငန်းတွင် အရေးကြီး အောင်မြင်မှုဖြစ်ပါကြောင်း ပြောကြားခဲ့သည်ဟု  China Media Groupမှ သတင်းအရသိရပါသည်။