馬寧

ရန်ကုန်မြို့ရှိ တရုတ်တန်း၌ တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ပြုလုပ်

(GMT+08:00)2020-01-25 15:20:59  

  နှစ်စဉ်ကျင်းပလျက်ရှိသော တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ယခုနှစ်မှာလည်း ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ လသာမြို့နယ် တရုတ်တန်း၌ အခမ်းအနာပြုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီတာဝန်ခံ Li Xiaoyanနှင့် ဖူကျန့် တရုတ် အမျိုးသားများအသင်း ဥကဋ္ဌ ဦးကျင်ပိန်တို့သည် အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

圖片默認標題_fororder_3

  ယင်း အခမ်းအနားတွင် ဘင်ခရာတီးဝိုင်းဖြင့် တရုတ်နှစ်သစ်ကူးသီချင်းများ တီးခတ်ဖျော်ဖြေခြင်း၊ ဖူကျန့်ရိုးရာအကနှင့် ခြင်္သေ့အဖွဲ့မှ ရိုးရာခြင်္သေ့လေးကောင်တို့ဖြင့် ဧည်သည်တော်များနှင့် ပရိသတ်များအား နှုတ်ဆက်ပြီး လမ်းမတော်လမ်းမရှိ နှစ်သစ်ကူးမုဒ်ဦးကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီတာဝန်ခံ Li Xiaoyanနှင့် ဖူကျန့် တရုတ် အမျိုးသားများအသင်း ဥကဋ္ဌ ဦးကျင်ပိန်တို့သည် မင်္ဂလာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

圖片默認標題_fororder_1

  ယခုနှစ် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်မှာ နာမည်ကျော် စားသောက်ဆိုင်ခန်းပေါင်း ၄၀ ကျော် ပါဝင်သည့် မုန့်ဈေးတန်းနှင့် ပွဲလာရောက်သူများ ပျော်ပျော်ရွှင်ရွှင် ကစားနိုင်သည့် ဂိမ်းကစားရာနေရာများ၊ အမှတ်တရ လက်ဆောင်ပေးသည့် အစီအစဉ်များလည်း ပါဝင်ကြောင်း၊ မုန့်ဈေးတန်းကို ဇန်နဝါရီလ ၂၅ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါသည်။

圖片默認標題_fororder_2