李悅

ဆေးတပ်ဖွဲ့ ၃၀ ဖွဲ့ မှ ကုသရေးဝန်ထမ်း ၄၁၃၀ တို့သည် ဟူပေပြည်နယ်၌ လုပ်ကိုင် ဆောင်ရွက်နေကြ

(GMT+08:00)2020-01-28 15:58:40  

    တရုတ်ပြည် ဒေသအသီးသီးမှ ဆေးတပ်ဖွဲ့များသည်၊ ဟူပေပြည်နယ်၏ novel coronavirus အဆုတ်ရောင်နာ ကူးစက်ရောဂါ ခုခံကာကွယ်ရေးလုပ်ငန်းများတွင် ကူညီ ထောက်ပံ့နေကြသည်။ ယခုလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီအထိ၊ ဆေးတပ်ဖွဲ့ ၃၀ ဖွဲ့မှ ကုသရေးဝန်ထမ်း ၄၁၃၀ တို့သည် ဟူပေပြည်နယ်သို့ ရောက်ရှိပြီး၊ သက်ဆိုင်ရာ လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိကြသည်။ ၂၈ ရက်နေ့တွင် ဆေးတပ်ဖွဲ့ ၁၃ ဖွဲ့တို့ သည်၊ ဟူပေပြည်နယ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ၂၈ ရက်နေ့ ညပိုင်းအထိ တစ်ပြည်လုံး ဒေသ အသီးသီးမှ ကုသရေးဝန်ထမ်း ၆၀၀၀ ခန့်သည် ဟူပေပြည်နယ် ကူးစက်ရောဂါ ခုခံကာကွယ်ရေးလုပ်ငန်းတွင် ပါဝင်ကြမည်ဟု ခန့်မှန်းရကြောင်း China Media Group က ဖော်ပြသည်။