李悅

novel coronavirus အဆုတ်ရောင်နာ ကူးစက်ရောဂါ ခုခံကာကွယ်ရေးဆိုင်ရာ တရုတ်အစိုးရ၏ ဆောင်ရွက်ချက်များကို WTOဒါရိုက်တာချုပ်တန်ဖိုးထားချီးကျူး

(GMT+08:00)2020-01-28 16:28:46  

ယနေ့ ၂၈ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ပီကင်းမြို့၌ WTOဒါရိုက်တာချုပ် Ghebreyesusနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် Ghebreyesus က ဝူဟန့် novel coronavirus အဆုတ်ရောင်နာ ကူးစက်ရောဂါ ဖြစ်ပွားပြီးသည့်နောက် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် တရုတ်အစိုးရ တို့သည် novel coronavirus အဆုတ်ရောင်နာ ကူးစက်ရောဂါ ခုခံရေးလုပ်ငန်းများကို လွန်စွာ အရေးထား၍ ရောဂါ မပြန့်ပွားစေရန် ထိရောက်ပြီး လက်တွေ့ကျသော နည်းလမ်းများဖြင့် အပူတပြင်းဆောင်ရွက်နေကြောင်း၊ တရုတ်ပြည်၏ နိုင်ငံတော် ဖွဲ့စည်းပုံ စနစ်၏ အားကောင်းမှုနှင့် တရုတ်အစိုးရ၏ လုပ်ဆောင်ချက်များကို တန်ဖိုးထားချီးကျူး ကြောင်း၊ WTOအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများသည် novel coronavirus အဆုတ် ရောင်နာ ကူးစက်ရောဂါ ခုခံကာကွယ်ရေးဆိုင်ရာ တရုတ်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှု များကို ကျေးဇူးတင်ရှိကြောင်း၊ ရောဂါခုခံရေးဆိုင်ရာ တရုတ်ပြည်၏ လိုအပ်မှုများကို ကူညီပံ့ပိုးပြီး တရုတ်အစိုးရနှင့် ပိုမို ပူးပေါင်းဆောင်ရွက်သွားလိုကြောင်းဖော်ပြပါသည်။