馬寧

တစ်ကမ္ဘာလုံးက အေးအတူ ပူအမျှ လျင်မြန်စွာ ဆောင်ရွက်နေ

(GMT+08:00)2020-03-30 15:40:16  

  圖片默認標題_fororder_xua

ပီကင်းစံတော်ချိန် မတ်လ ၂၆ ရက်နေ့ညက COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေး ဂျီ-၂၀ ထိပ်သီးခေါင်းဆောင်များ အထူး အစည်းအဝေးမှာ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ ခုလို သော့ချက်ကျ အရေးကြီး အချိန်အခါမှာ မိမိတို့ဟာ စိန်ခေါ်မှုများကို ရဲ့ဝံ့စွာ ရင်ဆိုင်ပြီး လျင်မြန်စွာ ဆောင်ရွက်ရမယ်လို့ ပန်ကြားခဲ့ပါတယ်။

圖片默認標題_fororder_xuc

  ဒီအကြိမ် အစည်းအဝေးမှာ တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာနေတဲ့ နိုင်ငံတကာ ကူးစက်ရောဂါ အခြေအနေနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံမှ ခေါင်းဆောင်များနဲ့ အရေးပေါ် အမြင်ချင်း ကူးလူးဖလှယ်ခဲ့ကြပါတယ်။ ရှီကျင့်ဖိန်က အဆိုပြုချက် လေးရပ်ကို တင်ပြပြီး အဲဒါတွေကတော့ COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာ တားမြစ်မှုကို ပြတ်ပြတ်သားသား ဆောင်ရွက်ရန်၊ နိုင်ငံတကာ ပူးတွဲ ထိန်းချုပ်ကာကွယ်ရေးကို ထိရောက်စွာ ဆောင်ရွက်ရန်၊ နိုင်ငံတကာ အဖွဲ့အစည်းများက အကျိုးပြုစွမ်းဆောင်မှုကို တက်ကြွစွာ အားပေး ထောက်ခံရန်နဲ့ နိုင်ငံတကာ မက္ကရိုစီးပွါးရေး မူဝါဒများ ညှိနှိုင်းဆောင်ရွက်မှုကို တွန်းအား ပေးရန်တို့ ဖြစ်ပါတယ်။

圖片默認標題_fororder_xub

  ယခုအထိ တရုတ်အစိုးရဟာ နိုင်ငံ ၈၉ နိုင်ငံနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အာဖရိက သမဂ္ဂ အပါအဝင် နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်း လေးခုအား အရေးပေါ် ထောက်ပံ့ကူညီမှုပေးရန် ကြေညာထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အမေရိကန် ဒေါ်လာ သန်း ၂၀ လှူဒါန်းပေးပြီးဖြစ်တယ်လို့ သတင်း ရရှိပါတယ်။