馬寧

တရုတ်ပြည်တွင် ဟင်းသစ်ဟင်းရွက်၊အသား၊ကြက်ဥဘဲဥ၊နွားနို့များ ဖြန့်ဖြူးမှု ဖူဖူလုံလုံရှိ

(GMT+08:00)2020-03-30 15:41:13  

  တရုတ်လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌါနမှ တာဝန်ရှိသူက လက်ရှိအချိန်တွင် COVID-19၏ တရုတ်ပြည် ဟင်းသစ်ဟင်းရွက်၊အသား၊ကြက်ဥ ဘဲဥ၊ နွားနို့များ ထုတ်လုပ်မှုနှင့် ပို့ဆောင်မှုအပေါ် ဂယက်ရိုက်ခတ်မှုသည် လျင်မြန်စွာ လျော့နည်းလာနေကြောင်း၊ ၂၀၂၀ပြည့်နှစ် တစ်နှစ်တာလုံး ကြည့်ခြင်းအားဖြင့် အဆိုပါ ကုန်ပစ္စည်းများ ဖြန့်ဖြူးမှု အခြေအနေသည် ကောင်းသည်ထက် ကောင်းလာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ChinaMediaGroup မှ သတင်းအရသိရပါသည်။

  မတ်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့ အထိ တစ်ပြည်လုံး ဟင်းသစ်ဟင်းရွက် စိုက်ပျိုးမှု အကျယ်အဝန်းသည် တရုတ်မို ၆၀၂ သိန်းကျော် ရှိပြီး လွန်ခဲ့သည့် သီတင်းပတ်ကထက် တရုတ်မို ၃၆ သိန်းကျော် ပိုများလာကြောင်း သတင်းရရှိပါသည်။