馬寧

၂၉ရက်နေ့ တရုတ်ပြည်တွင်း အသစ်တိုးလာသည့် COVID-19 ရောဂါသည် ၃၁ ဦးရှိပြီး ၄င်းတို့အနက် တစ်ဦးသည် ဒေသခံရောဂါသည် ဖြစ်သည်

(GMT+08:00)2020-03-30 15:41:34  

  တရုတ်နိုင်ငံတော်ကျန်းမာရေးကော်မရှင်မှ နောက်ဆုံးရစာရင်းအရ မတ်လ၂၉ရက်နေ့ သုညနာရီမှ ည၁၂နာရီအထိ တရုတ်ပြည်တွင်းတွင် အသစ်တိုးလာသည့် COVID-19 ရောဂါသည်ဦးရေမှာ ၃၁ဦးရှိပြီး ၄င်းတို့အနက် ၃၀ ဦးသည် ပြည်ပမှဝင်လာခြင်းဖြစ်ပြီး တစ်ဦးသည် ဒေသခံရောဂါသည် ဖြစ်ကြောင်း၊ ပြည်ပမှဝင်လာသော COVID-19 ရောဂါသည် စုစုပေါင်း ၇၂၃ဦး ရှိကြောင်း သိရပါသည်။