馬寧

ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါသည်သေဆုံးသူဦးရေ ၃သောင်းကျော်ရှိပြီဟု WHOဆို

(GMT+08:00)2020-03-30 15:42:11  

  ၂၉ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်သော နောက်ဆုံးရစာရင်းအရ ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါသည်သေဆုံးသူဦးရေသည် ၃သောင်းကျော်ရှိပြီဟု သိရကြောင်း China Media Group မှ သတင်းရရှိပါသည်။

  ဥရောပတိုက်အလယ်ပိုင်း ဒေသစံတော်ချိန် ၂၉ ရက်နေ့ ည၆နာရီအထိ ကမ္ဘာ တစ်ဝန်းတွင် COVID-19 ရောဂါကူးစက်ခံရသူဦးရေမှာ ၆၃၈၁၄၆ဦးရှိပြီး သေဆုံးသူဦးရေမှာ ၃၀၁၀၅ဦးရှိကာ နိုင်ငံနှင့်ဒေသ၂၀၂ခု၌ COVID-19 ရောဂါ၏ ဂယက်ရိုက်ခတ်မှုခံနေကြကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားပါသည်။