馬寧

အမေရိကန်ပြည်နယ်၁၅ပြည်နယ်နှင့် ပင်လယ်ရပ်ခြားရှိ ပိုင်နက်နယ်မြေ၂ခု ဘေးအန္တရာယ်ကြီး အခြေအနေကြေညာ၊ အီတလီတွင် COVID-19 သေဆုံးသူဦးရေ ၁သောင်းကျော်

(GMT+08:00)2020-03-30 15:40:46  

  အမေရိကန် Johns Hopkins University မှ နောက်ဆုံးထုတ် စာရင်းအရ အမေရိကန် အရှေ့ပိုင်းစံတော်ချိန်၂၈ ရက်နေ့ ညနေ ၆ နာရီ ၂ မိနစ်အထိ အမေရိကန်နိုင်ငံတွင် COVID-19ရောဂါ ကူးစက်ခံရသူ စုစုပေါင်းဦးရေ ၁၂၁၁၁၇ ရှိပြီး လူ၂၀၁၀ သေဆုံးခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

  COVID-19ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် အမေရိကန် စံတော်ချိန် ၂၈ ရက်နေ့အထိ အမေရိကန်သမ္မတ ထရန့်သည် နယူးယောက်၊ ဝါရှင်တန်၊ ကယ်လီဖိုးနီးယားနှင့်  နယူးဂျာဇီ စသော ပြည်နယ် ၁၅ ပြည်နယ်နှင့်  ကွမ်ကျွန်း၊ ပေါ်တိုရီကိုရှိ ပင်လယ်ရပ်ခြား ပိုင်နက်နယ်မြေ ၂ ခု ဘေးအန္တရာယ်ကြီး အခြေအနေ   ကြေညာခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

  ဒေသစံတော်ချိန် ၂၈ရက်နေ့ ညနေ ၆နာရီ အထိ ၂၄နာရီအတွင်း  အီတလီနိုင်ငံတွင် COVID-19ကူးစက်ခံရသူဦးရေ ၅၉၇၄ ဦး အသစ်တိုးလာပြီး ကူးစက်ခံရသူ စုစုပေါင်းဦးရေ ၉၂၄၇၂ ဦးရှိကာ သေဆုံးသူဦးရေ ၁၀၀၂၃ ဦး ရှိကြောင်း သတင်းရရှိပါသည်။