馬寧

တရုတ်နိုင်ငံမှ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်သည့် အသက်ရှူစက်များ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်

(GMT+08:00)2020-04-29 14:23:58  

  မြန်မာနိုင်ငံ၏ COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်းများကို အထောက်အကူပြုသည့်အနေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကူညီထောက်ပံ့ပေးသော ဒုတိယအသုတ် အသက်ရှူစက် ၁၅ လုံးသည် ဧပြီလ ၂၈ ရက်နေ့ညက တရုတ်-မြန်မာနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် မူဆယ်မြို့သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

圖片默認標題_fororder_xy1

  COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းကို အထောက် အကူပြုရန်အတွက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် မြန်မာနိုင်ငံ၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံ အစိုးရနှင့် တပ်မတော်ထံ YH-830-11 အမျိုးအစား အသက်ရှူစက် အလုံး ၃၀ ပေးအပ်လှူဒါန်းခဲ့ပါသည်။

圖片默認標題_fororder_xy2

  ပထမအသုတ် ထောက်ပံ့ပေးအပ်ခဲ့သည့် အသက်ရှူစက်များသည် ဧပြီလ ၂၂ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ယင်းအသက်ရှူစက်များကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ်သည်။