宋冉

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေး ဖွင့်လှစ်

(GMT+08:00)2020-05-22 09:10:07  

圖片默認標題_fororder_453052994

၁၃ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် တတိယ အကြိမ် အစည်းအဝေးကို ၂၁ ရက်နေ့က ပီကင်း၌ ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ရှီကျင့်ဖိန် အပါအဝင် ပါတီနှင့် နိုင်ငံခေါင်းဆောင်များ၊ အစည်းအဝေး တက်ရောက်နေသော ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်များသည် ရှေးဦးစွာ COVID-19 ကူးစက်ရောဂါဖြင့်အသက်ပေးလှူသွားသော အာဇာနည်များနှင့် ကွယ်လွန်သူများ အတွက် ငြိမ်သက်စွာ နေခဲ့ကြသည်။

အစည်းအဝေးတွင် စိစစ်ဆွေးနွေးရန် တင်ပြသော ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ အမြဲတမ်းကော်မတီ၏ လုပ်ငန်း အစီရင်ခံစာတွင်၊ ၂၀၂၀ ပြည့်နှစ်တွင် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်သည် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်မှုနှင့် စီးပွါးရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဘက်စုံ တွန်းအားပေးရေး အတွက် အင်အားစုစည်းပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်မည် ဖြစ်ကြောင်း၊ ဆင်းရဲမှု ပပျောက်ရေး ရည်မှန်းချက်တာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ရန်နှင့် အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝ ဘက်စုံ တည်ထောင်ရေး အတွက် အကျိုးပြုစွမ်းဆောင်မည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

လွန်ခဲ့သည့်နှစ်က လုပ်ငန်းများနှင့် ပတ်သက်ပြီး ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်းယန်က၊ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်သည် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး အဆိုပြုချက်များ တင်ပြခဲ့ကြောင်း၊ ပြည်သူလူထုများ၏ သုခချမ်းသာမှုနှင့် လူမှုရေး တိုးတက်မှုကို တွန်းအားပေးရန် ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားပါသည်။

ယခုအကြိမ် အစည်းအဝေးကို ၇ ရက်ကြာ ကျင်းပမည် ဖြစ်ပြီး၊ ပါတီ၊ အသင်းအဖွဲ့များ၊ တိုင်းရင်းသားပေါင်းစုံမှ ကော်မတီဝင်၂၀၀၀ ကျော်တို့သည် အစည်းအဝေးသို့ တက်ရောက် ခဲ့ကြပါသည်။