馬寧

ဟောင်ကောင်ဒေသ၏ နိုင်ငံတော် လုံခြုံရေး ဥပဒေ ကျင့်သုံးရန် တွန်းအားပေးရေးသည် အရေးတကြီး နှောင့်နှေး၍မရဟု ဝမ်ယိဆို

(GMT+08:00)2020-05-25 12:17:43  

圖片默認標題

  တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသ၏ နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေစနစ်နှင့် ကျင့်သုံးရေး စနစ်များကို တည်ဆောက်ခြင်းနှင့် ပြီးပြည့်စုံစေခြင်းသည် အရေးတကြီး နှောင့်နှေး၍မရကြောင်း ဖြစ်ပြီး၊ မ​လွဲ​မ​သွေ​ဖြစ်​ပေါ်​လာလိမ့်​မည်သာလည်း ဖြစ်ကြောင်း၊ ယင်းသည် ဟောင်ကောင်၏ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ဟောင်ကောင်သူ ဟောင်ကောင်းသားများ၏ အခွင့်အရေးနှင့် လွတ်လပ်မှုအပေါ် ဂယက်ရိုက်ခတ်မည် မဟုတ်သကဲ့သို့၊ ဟောင်ကောင်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ တ​ရား​မျှတမှန်ကန်​သော အခွင့်အရေးအပေါ်လည်း ဂယက်ရိုက်ခတ်မည်မဟုတ်ကြောင်း ယခုလ ၂၄ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

  ထိုနေ့က ကျင်းပသည့် ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ဝမ်ယိက ထိုသို့ ပြောကြားခဲ့ခြင်း  ဖြစ်သည်ဟု China Media Group မှ သတင်းအရသိရသည်။