宋冉

ဟောင်ကောင် အလွှာပေါင်းစုံမှပုဂ္ဂိုလ်များသည် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ဟောင်ကောင်ဆိုင်ရာ ဆုံးဖြတ်ချက် အတည်ပြုခြင်းကို ထောက်ခံ

(GMT+08:00)2020-05-31 16:14:58  

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များ ပါဝင်ကြသည့် “ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော်လုံခြုံမှုဥပဒေပြုရေး ထောက်ခံခြင်း ပူးတွဲ တပ်ပေါင်းစု”သည် မေလ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဟောင်ကောင်ဒေသ လမ်းများ၌် ဟောင်ကောင် မြို့သူမြို့သားများ လက်မှတ်ရေးထိုးခြင်း လှုပ်ရှားမှုကို စည်းရုံး ပြုလုပ်နေသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

    မေလ၂၈ရက်နေ့ညနေပိုင်းက ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် တတိယ အကြိမ် အစည်းအဝေးတွင်  ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေးဥပဒေစနစ်နှင့် ကျင့်သုံးရေးစနစ် တည်ထောင်ရေးနှင့် ပိုမိုကောင်းမွန်ပြည့်စုံစေရေး ဆုံးဖြတ်ချက်ကို မဲအများစုကြီးဖြင့် အတည်ပြုခဲ့သည်။ ဟောင်ကောင်မြို့သူမြို့သားများသည်  တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်၏ ယင်းဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အသီးသီး ဖေါ်ပြခဲ့ကြပါသည်။

၂၉ရက်နေ့ နေ့လယ်ပိုင်းအထိ  လက်မှတ်ရေးထိုးခြင်း လှုပ်ရှားမှုတွင် ဟောင်ကောင် လက်မှတ်ရေးထိုးသူ ဦးရေမှာ ၂၁ သိန်း ၂သောင်း ရှိပြီဖြစ်ပြီး ၂၈ ရက်နေ့ နေ့လယ်ပိုင်းကထက် ၂သိန်း ၇သောင်း တိုးများလာကြောင်း သတင်းရရှိပါသည်။