တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် ဇွန်လ ၉ရက်နေ့က နင်ရှာ့ ဟွေလူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ယင်ချွမ်မြို့တွင် လေ့လာ ကြည့်ရှုခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ဟို့လန်ခရိုင် ကျေးရွာဇီဝအပျော်ခရီးသည်ဥယျာဉ်၊ ဟို့လန်တောင်အရှေ့ဖက် စပျစ်သီးစိုက်ပျိုးမြေသို့ ရောက်ရှိပြီး ဒေသန္တရထူးခြားချက်ပါ ရှိသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ဟို့လန်တောင် ဇီဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအခြေအနေ စသည်များကို ကြားနာခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။