朱蕾

အွန်လိုင်းတွင် တရုတ် သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲကျင်းပခြင်းသည် ကိုဗစ်၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဘက်ပေါင်းစုံမှနေ၍ စီမံခန့်ခွဲရေး ဆိုင်ရာ တရုတ်ပြည်၏ အရေးကြီး ဆောင်ရွက်ချက်ဖြစ်သည်ဟု ထိုင်းနိုင်ငံရှိ တရုတ်ကုန်​သည်​များ​အ​သင်းချုပ် ဒုဥက္ကဋ္ဌဆို

(GMT+08:00)2020-06-26 14:26:26  

  ၁၂၇ကြိမ်မြောက် တရုတ် သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲကို ယခုလ ၂၄ ရက်နေ့က ကျင်းပပြီးစီးခဲ့ကြောင်း၊ ယင်းသည် တရုတ်ပြည်တွင် သမိုင်းသက်တမ်း အကြာမြင့်ဆုံးသော ဤကုန်စည်ပြပွဲကို ပထမဆုံးအကြိမ် အဖြစ် အွန်လိုင်းတွင် ကျင်းပခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရှိ တရုတ်ကုန်​သည်​များ​အ​သင်းချုပ် ဒုဥက္ကဋ္ဌ၊ တရုတ်အနွယ်ဖွားလူငယ်ကုန် သည်များအသင်း ဥက္ကဋ္ဌ လီကွေ့ရှုံက ယခုအကြိမ် တရုတ် သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲကို အွန်လိုင်းတွင် ကျင်းပခြင်းသည်  ထူးခြားသည့် အချိန်ကာလ၌ ဆန်းသစ်တီထွင်မှု  ဆောင်ရွက်ချက်ဖြစ်ပြီး ကိုဗစ်၁၉ကာကွယ်ထိန်းချုပ်ရေးနှင့်  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို ဘက်ပေါင်းစုံမှနေ၍ စီမံခန့်ခွဲရေးတွန်းအားပေးရန်နှင့် ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကို တက်ကြွစွာ စွဲကိုင်ကျင့်သုံးရန်  အတွက် တရုတ်ပြည်၏ အရေးကြီး ဆောင်ရွက်ချက်  ဖြစ်သည်ဟု ပြောဆိုကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

圖片默認標題_fororder___172.100.100.3_temp_9500033_1_9500033_1_1_502fa32e-928d-4800-bb36-1c2fa266ea34