鄒立瑩

တရုတ်ဘာသာစကားသည် ကိုဗစ်၁၉ရောဂါဖြစ်ပွားချိန်တွင် တရုတ်-စပိန်နှစ်နိုင်ငံ ပြည်သူများအကြား ကူးလူးဖလှယ်ရန်နှင့် အပြန်အလှန် သိရှိနားလည်းရန် ပေါင်းကူးတံတား ဖြစ်လာသည်ဟု စပိန် မက်ဒရစ် ကွန်ဖြူးရှပ် တရုတ်ဘာသာစကားသင်ကျောင်း တရုတ်ဖက် ကျောင်းအုပ်ကြီး ချမ်တန်နာဆို

(GMT+08:00)2020-06-30 15:40:40  

圖片默認標題_fororder___172.100.100.3_temp_9500041_1_9500041_1_1_a8c131c2-4cf8-43f7-94a8-f5226c1e4c50

圖片默認標題_fororder___172.100.100.3_temp_9500041_1_9500041_1_1_ac5f14ad-905b-413a-8f69-f614ac74c902

圖片默認標題_fororder___172.100.100.3_temp_9500041_1_9500041_1_1_2e5e9939-1676-4398-af99-cdcb0fc48801

圖片默認標題_fororder___172.100.100.3_temp_9500041_1_9500041_1_6012_539ba834-c55f-4b80-b41c-e81f4a62d047

圖片默認標題_fororder___172.100.100.3_temp_9500041_1_9500041_1_6012_74df4790-0069-4a58-bf69-b42ca09c33c8

圖片默認標題_fororder___172.100.100.3_temp_9500041_1_9500041_1_1_bd2dd5ad-04a9-4c5c-b4c0-4b172c231d32

ဥရောပတွင် ကိုဗစ် ၁၉ ရောဂါအခြေအနေ အဆိုးဆုံးသော နိုင်ငံတစ်နိုင်ငံ အနေဖြင့် စပိန်အစိုးရသည် မတ်လမှ ဇွန်လအထိ နိုင်ငံတော် အရေးပေါ်အခြေအနေအချိန်ကို ၆ကြိမ်ဆက်တိုက် တိုးမြှင့်၍ နောက်ဆုံး အရေးပေါ်အခြေအနေသည် ဇွန်လ ၂၁ရက်နေ့က ပြီးဆုံးခဲ့သည်။ စပိန် မက်ဒရစ် ကွန်ဖြူးရှပ် တရုတ်ဘာသာစကားသင်  ကျောင်း၏ တရုတ်ဖက် ကျောင်းအုပ်ကြီး ချမ်တန်နာက ကိုဗစ်၁၉ရောဂါ ဖြစ်ပွားသောကာလတွင် ကွန်ဖြူးရှပ် တရုတ်ဘာသာစကားသင်ကျောင်းသည် သင်ကြားပေးမှု နည်းလမ်းများကို ပြောင်းလဲစေပြီး ကိုဗစ်၁၉ရောဂါကို မည်သို့ကာကွယ် တိုက်ဖျက်ခြင်းနှင့် တရုတ်နှင့် အနောက်နိုင်ငံများ၏ ကိုဗစ်၁၉ရောဂါ ကာကွယ်တိုက်ဖျက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြိုးပမ်းဆောင်ရွက်မှုများကို မိတ်ဆက်ပေးခဲ့ကြောင်း၊ တရုတ်ဘာသာစကားသည် ပေါင်းကူးတံတားအနေဖြင့် နှစ်နိုင်ငံပြည်သူများအကြား ကူးလူးဖလှယ်မှုနှင့် အပြန်အလှန် သိရှိနားလည်မှုကို တွန်းအားပေးနိုင်ခဲ့ကြောင်း၊ ကိုဗစ်၁၉ ရောဂါဖြစ်ပွားသော ကာလတွင် တရုတ်အပေါ် အနောက်နိုင်ငံများမှ မီဒီယာများ၏ မှားယွင်းစွာနားလည်မှုနှင့် တစ်ဖက်သတ်တစ်ယူသန် အမြင်များကို ဖယ်ရှားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။