鄒立瑩

အနောက်နိုင်ငံ အနည်းစုက ရှင်းကျန်းအကြောင်းပြပြီး တရုတ်နိုင်ငံ သရုပ်ပျက်အောင် လုပ်ရန် ကြံဆမှုသည် နောက်ထပ်တစ်ကြိမ် ရှုံးနိမ့်သည်ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌါနဆို

(GMT+08:00)2020-07-03 15:34:32  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင်  နိုင်ငံ ၄၆ နိုင်ငံသည် နောက်ထပ်တစ်ကြိမ် ပူးတွဲ မိန့်ခွန်းပြောကြားသည့် အသွင်ပုံစံဖြင့် တရုတ်နိုင်ငံ၏ ရှင်းကျန်း ဆိုင်ရာ မူဝါဒကို ထောက်ခံသည်ဟု ရှင်းလင်းပြတ်သားစွာ ထပ်လောင်း ဖေါ်ပြခဲ့ကြကြောင်း၊ အနောက်နိုင်ငံ အနည်းစုက ရှင်းကျန်းအကြောင်းပြပြီး တရုတ်နိုင်ငံ သရုပ်ပျက်အောင် လုပ်ရန် ကြံဆမှုသည် နောက်ထပ်တစ်ကြိမ် ရှုံးနိမ့်ခဲ့ကြောင်း ယခုလ ၂ရက်နေ့က ပီကင်း၌ ပြောကြားသည်ဟု China Media Group မှ သတင်းအရသိရပါသည်။