鄒立瑩

တရုတ်အစိုးရမှ ဂီနီ အစိုးရအား ဒုတိယအသုတ် ဆေးဘက်ဆိုင်ရာထောက်ပံ့ရေး ပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား ကျင်းပ

(GMT+08:00)2020-07-03 15:39:35  

圖片默認標題_fororder___172.100.100.3_temp_9500041_1_9500041_1_1_47774c74-6907-4417-87ed-e1eed07c6edd

တရုတ်အစိုးရမှ ဂီနီအစိုးရအား ဒုတိယအသုတ် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို မကြာခင်က ဂီနီနိုင်ငံ ကိုနာကရီ မြို့တော်၌ ကျင်းပခဲ့ပါသည်။ ဂီနီသမ္မတ ကွန်ဒယ်က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်၊ တရုတ်အစိုးရနှင့် တရုတ်ပြည်သူများက ဂီနီအား  ထောက်ပံ့မှုများ ထပ်မံပေးပို့ခြင်း အပေါ် စိတ်ရင်းစေတနာဖြင့် ကျေးဇူးတင်ရှိကြောင်း အခမ်းအနားတွင် ပြောကြား ခဲ့ပါသည်။

သမ္မတကွန်ဒယ်က တရုတ်-ဂီနီ ချစ်ကြည်ရေးဆက်ဆံမှုနှင့် နှစ်ဖက်အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအောင်ကျိုးရလဒ်များကို တန်ဖိုးထား ချီးကျူးကြောင်း၊ ဂီနီအနေနှင့် တရုတ်နိုင်ငံအား အရေးအကြီးဆုံးသော မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်အဖြစ် သဘောထားပြီး COIVD-19 တိုက်ဖျက်ရေးအောင်ပွဲကို အမြန်ဆုံးရရှိနိုင်ရန် တရုတ်ပြည်နှင့်အတူ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။