鄒立瑩

အိမ်တွင်း သီးခြားနေသူများ အပြင်မထွက်ရဟု ပီကင်းကူးစက်ရောဂါထိန်းချုပ်ရေးစင်တာ ဒုဥက္ကဋ္ဌဆို

(GMT+08:00)2020-07-03 15:36:18  

ဇူလိုင်လ ၂ရက်နေ့က ကျင်းပသောပီကင်းမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး သတင်းစာရှင်းလင်းပွဲတွင် ပီကင်းမြို့ ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာ ဒုဥက္ကဋ္ဌ ဖေါင်ရှင်းဟိုက လက်ရှိအချိန်တွင် ပီကင်းမြို့ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အခြေအနေ ဆက်တိုက် တည်ငြိမ်ကောင်းမွန် လာနေကြောင်း၊ သို့သော် ရောဂါ ဖြစ်နိုင်ဖွယ်ရာ အန္တရာယ် ရှိနေသေးကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးကို ဆက်လက် သေချာ ပြုလုပ်ရမည် ဖြစ်ပြီး အိမ်တွင်း သီးခြားနေသူများ အပြင်မထွက်ရဟုလည်း ၄င်းက ဆက်လက် ပြောကြားပါသည်။