鄒立瑩

အမေရိကန်နှင့် ဥရောပ အကြား သဘောကွဲလွဲမှုများ တိုးလာ

(GMT+08:00)2020-07-03 15:40:32  

 အချိန်ပိုင်းတစ်ပိုင်းအတွင်း ဥရောပနဲ့ အမေရိကန် အကြား သဘောကွဲလွဲမှုများ အဆက်မပြတ် တိုးလာခဲ့တယ်။ မကြာခင်ကလည်း အမေရိကန်က ဂျာမဏီရှိ တပ်ဖွဲ့များကို ရုတ်တရက် ရုပ်သိမ်းခဲ့တယ်၊ လာမယ့် သုံးလမှာ ထုတ်လုပ်မယ့် COVID-19 ကုသဆေး Remdesivir ကို အမေရိကန်ကပဲ ဒိုင်ခံ အသုံးပြုမယ်လို့ ကြေညာခဲ့ကြောင်း မီဒီယာမှာ ဖေါ်ပြထားတယ်။ အဲဒါတွေအပေါ် ဥရောပသမဂ္ဂက လွန်စွာ စိတ်ပျက်နေတယ်။ အကဲခတ်များက ဥရောပ-အမေရိကန် အတ္တလန္တိတ် ဖြတ်ကျော် မိတ်ဖက် ဆက်ဆံမှုဟာ နက်ရှိုင်းစွာ ပြောင်းလဲတဲ့ ကာလသို့ ဝင်ရောက်ပြီလို့ သုံးသပ် ဖေါ်ပြကြပါတယ်။

   ဒီနှစ်အတွင်း ရုတ်တရက် ဖြစ်ပွါးတဲ့ COVID-19 ကူးစက်ရောဂါကြောင့် နိုင်ငံတကာ စီးပွါးရေးဟာ ထိခိုက်မှုများ ပြင်းထန်စွာ ခံခဲ့ရတယ်။ အဲဒီလို အခြေအနေမျိုးမှာ အမေရိကန်က ဥရောပနိုင်ငံများရဲ့ ကုန်ပစ္စည်းများအပေါ် အခွန် တိုးကောက်မယ်လို့ တင်ပြထားတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်ဟာ ၁၆ နှစ် ကြာမြင့်ပြီ ဖြစ်တဲ့ ဥရောပနဲ့ အမေရိကန် အကြား Airbus ထောက်ပံ့ကြေးပေးခြင်းဆိုင်ရာ အငြင်းပွါးမှုကို အကြောင်းပြပြီး အမေရိကန်ဒေါ်လာ သန်း ၃၁၀၀ တန်ဖိုးရှိ ဥရောပကုန်ပစ္စည်းများအပေါ် အခွန် တိုးကောက်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး ဥရောပဘက်က၊ အမေရိကန်ရဲ့ လုပ်ရပ်ဟာ အဖျက်သဘောပါပြီး ကူးစက်ရောဂါ ဖြစ်ပွါးချိန်မှာ နှစ်ဖက်တို့ရဲ့ စီးပွါးရေး အကျပ်အတည်း ပိုမို ဆိုးဝါးစေမယ်လို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။