馬寧

တောင်ပင်လယ်တွင် ကန်၏ စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန တုံ့ပြန်ပြောဆို

(GMT+08:00)2020-07-07 11:12:39  

  ပြီးခဲ့သည့်ရက်များက တောင်ပင်လယ်တွင် တရုတ်ပြည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ သလို ယခုလ ၄ ရက်နေ့က အမေရိကန်နိုင်ငံသည်လည်း လေယာဉ်တင် သင်္ဘော ၂ စင်းကို စေလွှတ်ပြီး တောင်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်။ ယင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနှမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်၏ ယင်းလုပ်ရပ်သည် အကောက်ကြံခြင်းအပြည့်အဝဖြစ်ကြောင်း ယခုလ ၆ ရက်နေ့က ပီကင်းပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟုChina Media Group မှသတင်းအရသိရသည်။

  ဆက်လက်၍ ကျောက်လိကျန်းက ရှီးဆားကျွန်းစုသည် တရုတ်ပြည်၏ ပိုင်နက်နယ် မြေ ဖြစ်ပြီး၊ ငြင်းခုံ၍ မရကြောင်း၊ တရုတ်ဘက်အနေနှင့် ရှီးဆားပင်လယ်ရပ်ဝန်း၌ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခြင်းမှာ တရုတ်၏ ပြည်တွင်းရေး ကိစ္စပင် ဖြစ်သဖြင့် ငြင်းဆို၍ မရကြောင်း၊ အမေရိကန်၏ သက်ဆိုင်ရာအပြောအဆိုသည် အဖြစ်မှန်ကို လျစ်လျူရှုခြင်းနှင့် အထင်အမြင်လွဲမှားအောင် လုပ်ခြင်းပင်ဖြစ်ကြောင်း ထပ်မံ အလေးထားပြောကြားခဲ့ သည်ဟု သတင်းအရသိရသည်။