ယခုလ ၆ရက်နေ့က တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၉ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို ဗီဒီယိုဖြင့်ကျင်းပရာ တရုတ်နိုင်ငံတော် ဥက္ကဌရှီကျင့်ဖိန်သည် အစည်းအဝေးထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
ကိုဗစ်၁၉ရောဂါဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် တရုတ်နှင့် အာရပ်နိုင်ငံများ အကြား အေးအတူ ပူအမျှဖြစ်ပြီး အပြန်အလှန်ကြံ့ခိုင်ပြတ်သားစွာ အားပေးထောက်ခံဖေးမကူညီ ပြီး နွေးထွေးစွာ ပူးပေါင်းဆောင်ရွက်ကြကြောင်း၊ ယခုအကြိမ် အစည်းအဝေးကို အခွင့်ကောင်း အဖြစ် ယူပြီး တရုတ်-အာရပ်နိုင်ငံများ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးကို အဆက်မပြတ် နက်ရှိုင်းစေရန် လက်တွေ့ တွန်းအားပေးကာ တရုတ်နှင့်အာရပ်နိုင်ငံများ၏ ပြည်သူများ ချမ်းမြေ့သာယာအောင် အကျိုးဆောင်ပေးရန် မျှော်လင့်ကြောင်း ၄င်းဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ရှီကျင့်ဖိန်က အလေးထား ဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။