馬寧

ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေသည် တရုတ် နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ချွတ်ယွင်းချက်ကို ဖြည့်စွက်သည်ဟု နိုင်ငံများစွာမှ ပုဂ္ဂိုလ်များဆို

(GMT+08:00)2020-07-07 15:09:47  

  ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေသည် တရုတ် နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ ချွတ်ယွင်းချက်ကို ဖြည့်စွက်ပြီး ဟောင်ကောင်၏ ရေရှည်ငြိမ်ဝပ်ပိပြားမှုနှင့် တည်တံ့ခိုင်မြဲရေး၊ စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခိုင်ခံ့စွာ အာမခံပေးမည် ဖြစ်ကြောင်း  ပြင်သစ်၊ အာဂျင်တီးနား၊ တောင်အာဖရိက၊ ပါကစ္စတန်နှင့် စပိန်စသည့် နိုင်ငံများမှ ပုဂ္ဂိုလ်များက ဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရသည်။

  ပြင်သစ်နိုင်ငံ တရုတ်ရေးရာ ပညာရှင် Pierre Picquartက မိမိတို့ အနေနှင့် တရုတ်ပြည် အပေါ် မှားယွင်းသော အမြင်ဖြင့် ရှုမြင်ခြင်းကို ရပ်စဲသင့်ကြောင်း၊ မိမိတို့သည် အဖြစ်မှန်များကို သိမြင်သင့်ကြောင်း၊ တရုတ်ပြည် အနေနှင့် ဥပဒေပြုခြင်းဖြင့် အကြမ်းဖက်မှု လုပ်ရပ်များကို တိုက်ဖျက်ရေးသည် ငြင်းဆို၍ မရကြောင်း ပြောကြားသည်။

  အာဂျင်တီးနား အာဏာရ Partido Justicialistaပါတီ ဥက္ကဋ္ဌ Jose Luisက မိမိတို့ အနေနှင့် အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မပြုခြင်း အခြေခံမူကို တစ်လျှောက်လုံး စွဲကိုင်ထားပြီး အချုပ်အခြာ အာဏာပိုင်မှုရှိသည့် နိုင်ငံအားလုံး ပြုလုပ်သည့် ဆုံးဖြတ်ချက်အပေါ် လေးစားခြင်း ဖြစ်ကြောင်း ပြောကြားသည်။