馬寧

သက်ဆိုင်ရာ ဥပဒေ ကျင့်သုံးမှုကို လိုက်ဖက်ဆောင်ရွက်ပြီး နိုင်ငံတော်လုံခြုံမှု ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်သွားမည်ဟု Carrie Lamနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရမှ အဓိက အရာရှိများဆို

(GMT+08:00)2020-07-07 13:22:07  

  ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသ အုပ်ချုပ်ရေးမှူးCarrie Lamနှင့်  ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အစိုးရမှ အဓိကအရာရှိများက  ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေပြုခြင်း သည် ဟောင်ကောင်တွင် နိုင်ငံတော်လုံခြုံရေး ကာကွယ်ပေးသည့် ဥပဒေကို ပြည့်စုံကောင်းမွန်စေရန်နှင့် “တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး”မူဝါဒကို ပြီးပြည့်စုံစေရန်  အတွက် သမိုင်းဝင် ခြေလှမ်းတစ်လှမ်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းများကို တတ်နိုင်သလောက် အစွမ်းကုန် လုပ်ဆောင်ပြီး သက်ဆိုင်ရာ ဥပဒေကျင့်သုံးမှုကို အစွမ်းကုန် လိုက်ဖက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  ဟောင်ကောင်သူ  ဟောင်ကောင်သားများ အနေနှင့် ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်း ကာကွယ်ရေးဥပဒေကို အပြည့်အဝ သိရှိနားလည်ပြီး  ဟောင်ကောင်၏အနာဂတ်ရေး အပေါ် ပိုမိုများပြားသည့် ယုံကြည်မှု ရရှိမည်ဟု မိမိတို့ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။