馬寧

ဟောင်ကောင်ရေးရာနှင့်ပတ်သက်၍ ကနေဒါ၏ ပြောဆိုလုပ်ဆောင်ချက်များအား တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်ပြောကြား

(GMT+08:00)2020-07-07 11:12:07  

  ဟောင်ကောင်ရေးရာဆိုင်ရာ ကနေဒါနိုင်ငံမှ မှားယွင်းသောပြောဆိုချက် နှင့်ကြေညာ ခဲ့သော လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ  ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်ပြည်အနေနှင့် ယင်းအပေါ်  ပြင်းထန်စွာ ပြစ်တင်ရှုတ်ချသည့်အပြင် တစ်ဆင့်တက် တုံ့ပြန်မှု ပြုလုပ်ပိုင်ခွင့်ကိုလည်း ထိန်းသိမ်းထားကြောင်း၊ ယင်းမှ ဖြစ်လာသည့် ဆိုးကျိုးမှန်သမျှ အပေါ် ကနေဒါဘက်မှ အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း ယခုလ ၆ ရက်နေ့က ပီကင်း ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

  ဆက်လက်၍ ကျောက်လိကျန်းက ဟောင်ကောင်ရေးရာများသည် တရုတ်ပြည်၏  ပြည်တွင်းရေးကိစ္စပင်ဖြစ်ပြီး၊ အခြားနိုင်ငံ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိကြောင်း၊ ကနေဒါ အနေနှင့် အမှားကိုချက်ချင်းပြုပြင်ပြီး၊ ဟောင်ကောင်ရေးရာ အပါအဝင် တရုတ်ပြည်တွင်း  ရေးတွင် ဝင်စွက်မှုမှန်သမျှကို ရပ်စဲကာ၊ တရုတ်-ကနေဒါဆက်ဆံမှုကို တစ်ဆင့်တိုး မထိခိုက်စေရန် တရုတ်က တိုက်တွန်းကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရသည်။