ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ကျန်းမာရေးကော်မတီမှ နောက်ဆုံးထုတ်ပြန်ချက်အရ ၂ ရက်နေ့တွင် ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှ အသစ်တိုးလာသော ကိုဗစ်-၁၉ ကူးစက် ခံရသူ၂၈ဦးရှိပြီး ရောဂါလက္ခဏာမရှိသော ကူးစက်ခံရသူ ၈ဦးရှိကာ အားလုံးမှာ ဝူလူမူချီမြို့တွင် ရှိကြောင်း၊ အသစ်တိုးလာသော ရောဂါသက်သာပြီး ဆေးရုံမှ ဆင်းသူ ၇ ဦးရှိကြောင်း သိရပါသည်။
၂ ရက်နေ့ည ၁၂ နာရီအထိ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၉၀ ရှိသည်ဟု သိရပါသည်။