張曉寧

၂ရက်နေ့တွင် အသစ်တိုးလာသော ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၃ ဦးရှိသည်ဟု နိုင်ငံတော် ကျန်းမာရေးကော်မရှင်ဆို

(GMT+08:00)2020-08-03 16:12:11  

နိုင်ငံတော်ကျန်းမာရေးကော်မရှင်မှ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ  ၂ရက်နေ့၌ တရုတ် ပြည်မကြီးတွင် အသစ်တိုးလာသော ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၃ ဦးရှိပြီး ၄င်းအနက် ပြည်ပမှ ဝင်လာသော ကူးစက်ခံရသူ ၇ ဦးရှိပြီး ဒေသခံကူးစက်ခံရသူ ၃၆ ဦးရှိကြောင်း၊ အသစ် တိုးလာသော သေဆုံးသူမရှိကြောင်း၊ အသစ်တိုးလာသော ကူးစက်ခံရသည်ဟု သင်္ကာ မကင်းသူ ၃ ဦးရှိပြီး အားလုံး ပြည်ပမှ ရှန်ဟိုင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရပါသည်။