張曉寧

ဟောင်ကောင်တွင် ကိုဗစ်၁၉ရောဂါကူးစက်ခံရသူ ၁၁၅ဦးတိုးလာ

(GMT+08:00)2020-08-03 16:33:43  

ယခုလ ၂ရက်နေ့က ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးကာကွယ်ရေးစင်တာမှ ထုတ်ပြန်ချက်တွင် ယခုလ၂ရက်နေ့ သုညနာရီအထိ ဟောင်ကောင်မှာ ကိုဗစ်၁၉ရောဂါကူးစက်ခံရသူ ၁၁၅ဦးတိုးလာကြောင်း၊ ၎င်းတို့အားလုံးသည် ဒေသခံ ကူးစက်ခံရသူဖြစ်ပြီး ဟောင်ကောင်မှာ ကိုဗစ်၁၉ရောဂါကူးစက်ခံရသူ စုစုပေါင်း ဦးရေမှာ ၃၅၁၁ဦးရှိကြောင်း  ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။