鄒立瑩

မှော်ပဉ္စလက်

(GMT+08:00)2020-09-14 19:13:24  

 

ဇာတ်လမ်းမိတ်ဆက်.......

တလောကလုံးပြောင်းဆန်နေတဲ့ခေတ်ကာလ ၊ အပြင်လောကမှ မိစ္ဆာတွေဝင်ရောက်တိုက်ခိုက်လာကြပါတယ်။ သိုင်းလောကမှာ “” “မှော်ပဉ္စလက်” သိုင်းကိုတဖက်ကမ်းခတ်တတ်ကျွမ်းတဲ့ လျို့ဝှက်တဲ့ ဂိုဏ်းတစ်ခုဖြစ်တဲ့ တိမ်ခိုးငုပ် ဂိုဏ်းက ဒီမိစ္ဆာရန်စွယ်ကို တာဝန်ယူဖြေရှင်းခဲ့ပါတယ်။ ဒီဂိုဏ်းကို ဦးဆောင်သူဖြစ်တဲ့ လောင်တ ၊ တပည့်ဖြစ်တဲ့ ကျူးကောချင်းယွင် ၊ ထယ်ချင်းထင် နှင့် တိမ်ခိုးငုပ်ဂိုဏ်းသား ၇ ယောက် တို့မှာ အစွမ်းအ စတစ်ခုစီပိုင်ဆိုင်ကြပါတယ်။တစ်ဖက်မှာ ကျူးကောချင်းယွင်ဟာ တိမ်ခိုးငုပ် ဂိုဏ်းရဲ့ ဂိုဏ်းချုပ်သစ် ရှောင်ယွင် ကို ရှာဖွေနေချိန်မှာ ရဲမက်တော် တောင်းရိချန်ဟာ မိစ္ဆာတွေ ဖမ်းဆီးခံထားတဲ့ ထယ်ချင်းထင် ကိုကယ်တင်ဖို့ ဒီပြဿနာထဲ ပါဝင်လာခဲ့ပါတယ်။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းပြီး ပြင်ပလောကရဲ့ မိစ္ဆာဂိုဏ်းနဲ့ အမှန်တရားဘက်တော်သားတိမ်ခိုးငုပ်ဂိုဏ်းနှစ်ဘက်ကြား ပြင်းထန်တဲ့ အားပြိုင်တိုက်ပွဲတွေ စတင်ခဲ့ချိန်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်အသစ်တစ်ခုကို ဖိတ်ခေါ်သလို ဖြစ်သွားတဲ့ အခါ …….

ဒီဇာတ်ကားတွေ အထူးပြုလုပ်ချက်ပေါင်း တစ်ထောင်ကျော် ပြုလုပ်ကာ တရုတ်ယွမ်ငွေ သန်း ၂၅၀ အကုန်ခံပြီး ရိုက်ကူးခဲ့တဲ့အတွက် ပရိတ်သတ်တွေ စွဲမက်ကြိုက်နှစ်သက်ခဲ့ပြီး 2017 weibo night ဆိုတဲ့ ပရိတ်သတ် အများဆုံးမျှော်လင့်စောင့်စားတဲ့ စိတ်ကူးယဉ်ရုပ်ရှင် ဆု ကိုဆွတ်ကူးရရှိခဲ့ပါတယ်။ ဒါအပြင် ၂၀၁၈ ခုနှစ်မှာ The 37th Hong Kong Film Awards မှာ အကောင်းဆုံးအက်ရှင်တိုက်ကွက်ဆု နှင့် အကောင်းဆုံး Visual effects ဆု စာရင်းမှာ စကာတင်အဆင့်ထိရောက်ခဲ့ပါတယ်။