တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၁၄ရက်နေ့ညက ပီကင်းမြို့၌ ဥရောပသမဂ္ဂ အလှည့်ကျသဘာပတိနိုင်ငံ ဂျာမဏီဝန်ကြီးချုပ် မာကယ်၊ ဥရောပကောင်စီ ဥက္ကဋ္ဌ မီရှယ်လ်၊ ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ ဗန်ဒယ်လိုင်ယန်တို့နှင့် ဗီဒီယိုဖြင့် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။
တရုတ်၊ဂျာမဏီနှင့် ဥရောပသမဂ္ဂခေါင်းဆောင်တို့သည် တရုတ်-ဥရောပ ဆက်ဆံရေး နှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း၊ နောက်တစ်ဆင့် တရုတ်-ဥရောပ ဆက်ဆံရေးအတွက် ဦးတည်ချက်ကို စီမံခန့်ခွဲပြီး အရေးကြီးနယ်ပယ်များကို သတ်မှတ်ကြ ကြောင်း၊ ကူးလူးဖလှယ်မှု၊ ညှိနှိုင်းဆောင်ရွက်မှု နှင့်ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ရန် သဘော တူညီကြကြောင်း၊ နောင်တွင် တရုတ်နှင့်ဥရောပ သမဂ္ဂအကြား အရေးကြီး နိုင်ငံရေး ဆွေးနွေးခြင်း အစီအစဉ်များကို အောင်မြင်စေပြီး အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေကာ အပြန်အလှန်အကျိုးရှိစေရေး အကောင်အ ထည်ဖော်ရန် သဘောတူညီကြကြောင်း၊ ဘက်ပေါင်းစုံဝါဒကို စွဲကိုင်ပြီး ကမ္ဘာတစ်ဝန်း စိန်ခေါ်မှုများကို အတူရင်ဆိုင်ဖြေရှင်းကာ တရုတ်-ဥရောပ သမဂ္ဂ ဆက်ဆံရေးကို ပိုမိုမြင့်မားသောအဆင့်သို့ တိုးမြှင့်ဖို့ တွန်းအားပေးရန် သဘောတူညီ ကြကြောင်း သိရပါသည်။
တရုတ်၊ဥရောပ နှစ်ဖက်တို့သည် “တရုတ်-ဥရောပ ပထဝီအခြေအနေ အမှတ်အသား စာချုပ်”ကို ချုပ်ဆိုသည်ဟု ကြေညာခဲ့ကြကြောင်း၊ တရုတ်-ဥရောပ ရင်းနှီးမြှုပ်နှံရေး စာချုပ်ဆိုင်ရာ စေ့စပ် ဆွေးနွေးပွဲကို အရှိန်မြှင့် ကျင်းပပြီး ယခုနှစ်အတွင်း ဆွေးနွေးပွဲ၏ ရည်မှန်းချက်ကို ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရန် အတည်ပြုကြ ကြောင်း၊ တရုတ်၊ဥရောပ တို့သည် သဘာဝ ပတ်ဝန်းကျင်နှင့်ရာသီဥတုဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲစနစ် နှင့် ဒီဂျစ်တယ် နယ်ပယ်ဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲစနစ်ကို ထူထောင်ပြီး တရုတ်-ဥရောပ မြစိမ်းရောင် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက် နှင့် ဒီဂျစ်တယ် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံရေးကို ထူထောင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရပါသည်။