Our Fourty Years (မြန်မာစာတန်းထိုးရုပ်ရှင်ကား)

(GMT+08:00)2020-09-24 10:26:25  

 

Our Fourty Years (ငါတို့ နှစ် ၄၀ )

ဒါရိုက်တာ - Li YiXiang ၊ Bao ZhenJiang ၊ Li ZhenWei ၊ Huo Meng

သရုပ်ဆောင် - Li YiXiang ၊ Bao ZhenJiang ၊ Jin Hong ၊ Fan Jing ၊ Cao SuiFeng ၊ Wang MengYao ၊ Song XiaoChun

ရုပ်ရှင်အမျိုးအစား - ဒရမ်မာ  ( ၉၄ မိနစ်)

 

ဇာတ်လမ်းမိတ်ဆက်.......

ဒီရုပ်ရှင်ဟာ ဇာတ်လမ်း ၃ ခုကို အနုပညာလက်ရာမြောက်စွာဖြင့် တရုတ်နိုင်ငံက ပြည်သူတွေရဲ့စိတ်ခံစားမှုကိုဖော်ကျူးထားတာဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲပြီး တံခါးဖွင့်ဝါဒကျင့်သုံးခဲ့သည့်ဒီဘက် နှစ် ၄၀ ဟာ ခေတ်သစ်တရုတ်နိုင်ငံပြုပြင်ပြောင်းလဲမှုအကြီးမားဆုံး နှစ် ၄၀ ပဲဖြစ်ပါတယ်။ ရုပ်ဝတ္တုပစ္စည်းများကြွယ်ဝလာသည်နှင့်အမျှလူတို့ရဲ့နေထိုင်မှုဟာလည်းအဆင့်အတန်းမြင့်မားလာခဲ့ပါတယ်။သူတို့က နေထိုင်မှုမှာမပြတ်ဖြစ်ပေါ်နေတဲ့ “ပြောင်းလဲခြင်း” နဲ့ “မပြောင်းလဲခြင်း”သဘောကိုရှာဖွေချင်တာဖြစ်ပါတယ်။ ဇာတ်လမ်း ၃ ခု ဖြစ်တဲ့  “ပေါင်လုံထူပြဇာတ်” “လော့ချန်မြို့သားအဖ” “ကျန့်ကျိုးမြို့အချစ်ဇာတ်လမ်း” တို့ရဲ့ ခင်မင်မှု၊မိသားစု၊နဲ့ချစ်ခြင်းမေတ္တာ ကိုအသီးသီးဖော်ပြထားတာဖြစ်ပါတယ်။တမူထူးခြားတဲ့အသံနဲ့အမြင်ရူထောင့်ကနေပြီးသူတို့ရဲ့နေထိုင်မှုနဲ့ခံစားချက်ကိုဖော်ပြပြီးဘ၀အပေါ်စိတ်အားထက်သန်မှုကိုဒီဇာတ်ကားမှာ ဖော်ကျုးခဲ့ပါတယ်။

အဖွင့် - “ပေါင်လုံထူပြဇာတ်”

၁၉၇၈ခုနှစ်ပေါက်ကျန့်ကျန်းဟာ ခိုင်းဖုန်းမြို့ပြဇာတ်ကျောင်းမှာပြဇာတ်အထူးပြုဖြင့်ဘွဲ့ရခဲ့ပါတယ်။ ကျောင်းရဲ့ကျောင်းဆင်းပွဲမှာကပြရမဲ့ပြဇာတ်ကတော့“ပေါင်လုံထူပြဇာတ်”ပဲဖြစ်ပါတယ်။နှစ် ၄၀ ကြာပြီးနောက်မှာ ပေါက်ကျန့်ကျန်း နဲ့ လီရိရှန်တို့ဟာအမေရိကန်ကိုသွားခဲ့ပါတယ်။ အမေရိကန်မှာ သူတို့ကျောင်းနေဖက်ကိုတွေ့ခဲ့ပြီး နယူးယောက်Times Square မှာ ကျောင်းတုန်းက “ပေါင်လုံထူပြဇာတ်” ကိုအတူတကွသီဆိုခဲ့ပါတယ်။

လော့ရန်ပြကွက် - “လော့ချန်မြို့သားအဖ”

ချန်ဆန်းဟာ ဘိုးဘေးတွေကချန်ထားခဲ့တဲ့အမဲသားစွပ်ပြုတ်ဆိုင်လေးနဲ့အသက်မွေးဝမ်းကြောင်းပြုနေသူပါ။ လမ်းကြားလေးမှာတည်ရှိနေတဲ့ ဆိုင်သေးသေးလေးမှာ ဝန်ထမ်း၂ဦးသာရှိကာ နှစ်၄၀အတွင်းသူ့ရဲ့အဓိကဖောက်သည်တွေကအိမ်နီးချင်းတွေပဲရှိခဲ့ပါတယ်။အမဲစွပ်ပြုတ်ရဲ့ အရသာကကောင်းမွန်လှပြီး စားသုံးသူတွေအလွန်နှစ်ခြိုက်ပါတယ်။ ချန်ဆန်းနဲ့ သူ့ရဲ့သားချန်ချင်းဖုန်းအကြားမှာအမြဲလိုလိုပဋိပက္ခရှိနေပြီးသားဖြစ်သူဟာကွယ်လွန်သွားတဲ့မိခင်ကိုကန်တော့ဖို့အိမ်ပြန်ချိန်မှသာသားအဖနှစ်ယောက်ရဲ့မေတ္တာဟာရုပ်လုံးပေါ်လာပါတော့တယ် ။

ကျန့်ကျိုးပြကွက် - “ကျန့်ကျိုးမြို့အချစ်ဇာတ်လမ်း”

အသက် ၃၀ ပြည့်သော်လည်း တစ်ကိုယ်တည်းဖြစ်နေတဲ့ ကျန်းမင် ဟာ ဘွဲ့ရပြီးနောက် ကွမ်ကျိုးမြို့မှာ အနှစ်အတန်ကြာအလုပ်လုပ်ပြီး ကွမ်းကျိုးမှာပဲအခြေကျနေပါပြီ။ ဒီတစ်ခေါက်ကျန့်ကျိုးမြို့ကိုသွားတာဟာ စီးပွားရေးမြို့တော်ရဲ့သမိုင်းယဉ်ကျေးမှုဧရိယာစီမံကိန်းကိုလေလံဆွဲဖို့သွားခဲ့တာဖြစ်ပေမဲ့ဖူးစာဖက်ကိုမထင်မှတ်ပဲတွေ့ခဲ့ပါတယ်။