馬寧

အာဖရိကသမဂ္ဂ ဒုဥက္ကဋ္ဌက တရုတ်မှ ကိုဗစ်-၁၉ရောဂါ တိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ခြင်းအပေါ် ထပ်မံကျေးဇူး

(GMT+08:00)2020-10-24 15:11:54  

  ဒေသစံတော်ချိန် အောက်တိုဘာလ ၂၃ရက်နေ့က အာဖရိကသမဂ္ဂဆိုင်ရာ တရုတ် သံတမန်အဖွဲ့သည် တရုတ်အစိုးရကိုယ်စား အာဖရိကသမဂ္ဂအား ကိုဗစ်-၁၉ရောဂါ တိုက်ဖျက်ရေးပစ္စည်းများကို ထပ်မံလှူဒါန်းပေးအပ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

  အာဖရိကသမဂ္ဂ ဒုဥက္ကဋ္ဌ ခွါတေသည် အာဖရိကသမဂ္ဂဥက္ကဋ္ဌ ဖှါကီကိုယ်စား တရုတ် အစိုးရမှ ကြိမ်ဖန်များစွာ ထောက်ပံ့ကူညီမှုကို ကျေးဇူးတင်ခဲ့ပါသည်။ ခွါတေက တရုတ် နိုင်ငံသည် အာဖရိက အပါအဝင် တစ်ကမ္ဘာလုံးအတွက် ကိုဗစ်-၁၉ရောဂါ တိုက်ဖျက်ရေး စံနမူနာကို စိုက်ထူလာကြောင်း ပြောကြားပါသည်။