馬寧

ပွန်ပေအို၏ အပြောအဆိုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ချေပပြောဆို

(GMT+08:00)2020-10-24 15:13:52  

  တရုတ်ကွန်မြူနစ်ပါတီကို အကြိမ်ပေါင်းများစွာ ပုတ်ခတ်ပြောဆိုခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပေအို အပါအဝင် အရာရှိများ၏ အပြောအဆိုနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယင်း နိုင်ငံရေး သမားများ၏ အရူးထစိတ်ကြွခြင်းသည် တရုတ်ပြည်သူများအား တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရအပေါ် ပိုမိုအားကောင်းစွာ အားပေးထောက်ခံရန် နှိုးဆော် သွားမည်သာ ဖြစ်ကြောင်း ယခုလ ၂၃ ရက်နေ့က ပီကင်းပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရ သည်။