馬寧

(ရှင်းကျန်းတိုင်းရင်းသားလူမျိုးစုများ၏အလုပ်အကိုင်နေရာချထားရေးဆိုင်ရာ စုံစမ်း စစ်ဆေး ရေး အစီရင်ခံစာ)သည် တကယ့် အချက်အလက်များနှင့် အဖြစ်မှန်အပေါ် ရပ်တည် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2020-10-24 15:13:34  

  ရှင်းကျန်းဖွံ့ဖြိုးမှု သုတေသနစင်တာသည်  မကြာခင်က (ရှင်းကျန်း တိုင်းရင်းသား လူမျိုးစုများ၏အလုပ်အကိုင်နေရာချထားရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး  အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ယင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ကျောက်လိကျန်းက ယင်းအစီရင်ခံစာသည် ရှင်းကျန်းတိုင်းရင်းသားလူမျိုးစုများ၏ အလုပ်လုပ်ကိုင်ခြင်းနှင့် အလုပ်အကိုင်နေရာချထားမှုဆိုင်ရာ တကယ့်အခြေအနေကို ဖော်ပြပြီး၊ တကယ့် အချက်အလက်များနှင့် အဖြစ်မှန်အပေါ် ရပ်တည်ကြောင်း ယခုလ ၂၃ ရက်နေ့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖေါ်ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရ သည်။