馬寧

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ရေးသားသည့် စာအုပ်သစ်တွင် တရုတ်ပြည်ကို ကျေးဇူးကြောင်း ဖော်ပြ

(GMT+08:00)2020-10-24 15:12:46  

  မကြာခင်က အမေရိကန် နိုင်ငံ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomoရေးသားပြုစုပြီး ထုတ်ဝေသော “အမေရိကန် အကျပ်အတည်း”စာအုပ်သစ်တွင် တရုတ်ပြည်၏ ကိုဗစ် ၁၉ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး အောင်မြင်မှုများကို ချီးကျူးကြောင်း၊ ခက်ခဲသည့် အချိန်၌ အမေရိကန်အား တရုတ်ပြည်မှ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများစွာ လှူဒါန်းပေးခြင်းကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြသည်။

  ယင်းဖော်ပြချက်နှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ကျောက်လိကျန်းက ယင်းသည် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ပြည်သူများ အကြား အပြန်အလှန် ကြည့်ရှုစောင့်ကြပ် ကူညီပံ့ပိုးပြီး ကပ်ရောဂါကို အတူတကွ ကာကွယ်တိုက်ဖျက်ခြင်း အဖြစ်မှန်ကို ဖော်ပြနေကြောင်း ယခုလ ၂၃ရက်နေ့က ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။