馬寧

တရုတ်-ဗီယက်နမ် သံအဆက်အသွယ်ထားရှိခဲ့သည့် ၇၁ပြည့်မြောက်နှစ်နှင့်ပတ်သက်၍ ဝမ်ယိသည် Pham BinhMinh ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

(GMT+08:00)2021-01-18 13:34:19  

  ဇန်နဝါရီလ ၁၈ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်-ဗီယက်နမ် သံအဆက်အသွယ်ထားရှိခဲ့သည့် ၇၁ပြည့်မြောက်နှစ်နှင့် ပတ်သက်၍ ဗီယက်နမ်အစိုးရဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးPham BinhMinhထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း China Media Group မှ သတင်းအရသိရပါသည်။

  ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ်တွင် တရုတ်-ဗီယက်နမ် ဆက်ဆံရေးသည် ကောင်းမွန်သည့် ဘက်သို့ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ နှစ်သစ်တွင် မိမိအနေနှင့် အစိုးရ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးPham Binh Minh နှင့်အတူ နွေးထွေးစွာပူးပေါင်းပြီး နှစ်ပါတီ၊နှစ်နိုင်ငံအမြင့်ဆုံးခေါင်းဆောင်များ၏ မဟာဗျူဟာဦးဆောင်မှုဖြင့် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး ညွှန်ကြားမှုကော်မတီ၏ စီမံညှိနှိုင်းရေးအခန်းကဏ္ဍကို ကောင်းမွန်စွာ ပြသကာ တရုတ်-ဗီယက်နမ် ဆက်ဆံရေးကို ဆက်တိုက် ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိုကြောင်း ဝမ်ယိက ဂုဏ်ပြုသဝဏ်လွှာတွင် ပြောကြား ပါသည်။