李悅

ပွန်ပီအို၏ နောက်ဆုံးအချိန်အထိ မိုက်မဲရူးသွပ်ခြင်းများ

(GMT+08:00)2021-01-21 13:17:29  

    လက်ရှိ အမေရိကန်အစိုးရ၏ တာဝန်သက်တမ်းသည် ပြီးဆုံးသွားပြီ ဖြစ်သည်။ သို့သော် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီအိုသည် စက္ကန့်တိုင်း မိနစ်တိုင်းကို အသုံးပြုပြီး မုသားစကားဖြင့် လိမ်ညာခြင်းကိုပြုလုပ်ပြီး အငြင်းပွားမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများကို လှုံ့ဆော်ဖန်တီးကာ နောက်ဆုံး အချိန်အထိ မိုက်မဲရူးသွပ်ခြင်းကို ပြုလုပ်နေခဲ့ကြောင်း China Media Groupက ဖော်ပြသည်။

အမေရိကန် မီဒီယာများက ပွန်ပီအိုသည် ၄င်း၏ ရူးသွပ်သော ပြုမူပြောဆိုခြင်းဖြင့် လာမည့် အကြိမ် အမေရိကန် အစိုးရကို ထိန်းချုပ်ဟန့်တားရန် ကြံစည်နေကြောင်း ဖော်ပြသည်။ Washington Postတွင် ပွန်ပီအိုသည် လာမည့်အကြိမ် အစိုးရအပေါ် အတားအဆီးများ ထားရှိသည့် တစ်ချိန်တည်းတွင် ၂၀၂၄ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ရန်အတွက် အခြေအနေ ဖန်တီးနေကြောင်း ဖော်ပြသည်။

အမေရိကန်၏ နိုင်ငံတော် အကျိုးစီးပွားအပေါ် ပွန်ပီအို၏ နိုင်ငံရေး လောဘရမ္မက် လွှမ်းမိုးမှု ပြုလုပ်ခြင်းနှင့် ၄င်း၏ နိုင်ငံခြားရေး ပေါ်လစီများသည် တစ်ကမ္ဘာလုံးအပေါ် ဆိုးကျိုး အလွန် ကြီးမားကြောင်း၊ ပွန်ပီအို၏ ခြိမ်းခြောက်မှု နိုင်ငံခြားရေး၊ မုသား နိုင်ငံခြားရေးနှင့် အရေးယူမှု နိုင်ငံခြားရေးသည် ၄င်း၏ တစ်ဖက်စွန်းရောက်ခြင်း၊ ဟန်ဆောင်ထားခြင်းနှင့် နိုင်လိုမင်းထက် ထင်ရာစိုင်း ပြုလုပ်ခြင်း အတွင်းသရုပ်ကို ပေါ်လွင်လာစေခဲ့ကြောင်း၊ အမေရိကန် နိုင်ငံရေး သမား အချို့ အမွှမ်းတင် ပြောဆိုသည့် “ဒီမိုကရေစီ”၊ “လွတ်လပ်မှု”နှင့်“လူ့အခွင့်အရေး”ဟူသည်မှာ အရှက်ပြေစကား မဖြစ်နိုင်တော့ကြောင်း China Media Groupက ဖော်ပြသည်။

ပွန်ပီအို မည်သို့ အရူးအမူး ဆောင်ရွက်သည် ဖြစ်စေ၊ နောက်ဆုံးအချိန်တွင် အားနည်းသည့် ရုန်းကန်ခြင်းပင် ဖြစ်ကြောင်း၊ ၄င်းသည် အမေရိကန် သမိုင်းကြောင်းတွင် အဆိုးရွားဆုံး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။