李悅

အမေရိကန်သည် “ပါရီစာချုပ်”သို့ ပြန်လည်ပါဝင်မည်ဟူသောအမိန့်ကို ဘိုင်ဒင် လက်မှတ်ရေးထိုး

(GMT+08:00)2021-01-21 13:17:04  

အမေရိကန်သမ္မတဘိုင်ဒင်သည် ၂၁ရက်နေ့ညနေပိုင်းက အိမ်ဖြူတော်ရှိရုံးခန်း၌ အမိန့်ကို လက်မှတ်ရေးထိုးခဲ့ရာ၊ အမေရိကန်သည် “ပါရီစာချုပ်”သို့ ပြန်လည်ပါဝင်မည်ဟု ကြေညာခဲ့ကြောင်း၊ ယင်းစာတမ်းကိုလက်မှတ်မထိုးခင် ဘိုင်ဒင်က အမေရိကန်သည် ယခုအထိ မကျင့်သုံးဖူးသောနည်းလမ်းဖြင့် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းမည်ဟု ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

၂၀၁၇ခုနှစ် ဇွန်လက အမေရိကန်သမ္မတဟောင်းထရန့်သည် အမေရိကန်သည် “ပါရစ်စာချုပ်”မှ နုတ်ထွက်မည်ဟု ကြေညာခဲ့ကြောင်း၊ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၄ရက်နေ့က အမေရိကန်သည် ယင်းစာချုပ်မှ တရားဝင်နုတ်ထွက်ခဲ့ကြောင်း၊ ယင်းလုပ်ရပ် ကို အမေရိကန်ပြည်တွင်းနှင့်နိုင်ငံတကာမိသားစုကြီးသည် ကျယ်ပြန့်စွာ ဝေဖန်ခဲ့ကြောင်း သတင်းရရှိပါသည်။