李悅

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နုတ်ထွက်ခြင်းကိုရပ်စဲရန် အမေရိကန်ကြေညာ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ဖေါ်ဆောင်ရေးစီမံကိန်းတွင် ပါဝင်ရန်ဆန္ဒရှိ

(GMT+08:00)2021-01-22 13:51:46  

အမေရိကန်ကူးစက်ရောဂါပညာရှင် Anthony Fauci သည် ယခုလ ၂၁ ရက်နေ့တွင် အမေရိကန်သမ္မတသစ် ဘိုင်ဒိန်၏ ထိပ်တန်း ဆေးပညာအကြံပေးအနေနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အွန်လိုင်းကနေတစ်ဆင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၁၄၈ ကြိမ်မြောက် အမှုဆောင်ကော်မတီအစည်းအဝေးတွင် ပါဝင်ခဲ့ပါသည်။ အစည်းအဝေးတွင် Anthony Fauci က အမေရိကန်အနေနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် ဆက်လက်ပါဝင်ပြီး ဘက်ပေါင်းစုံနည်းလမ်းဖြင့် ကိုဗစ်-၁၉ကပ်ရောဂါကို တိုက်ဖျက်မည်ဟု ပြောကြားပါသည်။