李悅

ဘုံရည်မှန်းချက်အတွက် လက်တွဲ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တရုတ်-အမေရိကန် ဆက်ဆံမှု ပုံမှန် ပြန်ဖြစ်စေရန် တွန်းအားပေး

(GMT+08:00)2021-01-22 13:33:56  

ဒေသစံတော်ချိန် ယခုလ ၂၀ရက်နေ့က ဘိုင်ဒင်သည် အမေရိကန် သမ္မတအဖြစ် တာဝန် ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အမေရိကန်၏ အစိုးရသစ်အနေနှင့် တရုတ်ပြည် အပေါ် ပကတိအတိုင်း ခေါင်းအေးအေးဖြင့် ရှုမြင်သဘောထားနိုင်မည်လား ၊ မထားနိုင်မည်လား သို့မဟုတ် တရုတ်ပြည်အပေါ် ဆင်ခြင်မှုရှိပြီး လက်တွေ့ကျသော ပေါ်လစီချမှတ်နိုင်မှု ရှိမရှိ  ဆိုသည်ကို လူအများ အာရုံစိုက် နေကြကြောင်း China Media Group ကဖော်ပြသည်။

လွန်ခဲ့သည့် ၄နှစ် အတွင်း တရုတ်-အမေရိကန် ဆက်ဆံမှုသည် အလွန် ခက်ခဲသော အချိန်ကာလတွင်းသို့ ရောက်ရှိခဲ့ကြောင်း၊ အခက်အခဲများကိုရင်ဆိုင်ရေးတွင် နှစ်နိုင်ငံဆက်ဆံမှုကို ကောင်းမွန်လာအောင် မည်သို့ ဆောင်ရွက်မလဲနှင့်ပတ်သက်၍ ယမန်နှစ် နိုဝင်ဘာလက ဘိုင်ဒင်ထံသို့ အမေရိကန် သမ္မတအဖြစ် အရွေးခံရသည့်အတွက် ပေးပို့သောဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က နှစ်နိုင်ငံတို့အနေနှင့် အငြင်းပွားမှုနှင့် ခုခံယှဉ်ပြိုင်မှုမပြုခြင်း၊ အပြန်အလှန် လေးစားခြင်း၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အတူအောင်မြင်မှု ရရှိရေးမူများကို စွဲကိုင်ပြီး ပူးပေါင်း ဆောင်ရွက်မှုကို အလေးထားပြီး သဘောကွဲလွဲမှုကို စီမံထိန်းချုပ်ကာ တရုတ်-အမေရိကန် ဆက်ဆံမှုကို ရှင်သန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံကြီးများပေါင်းသင်းဆက်ဆံရေးတွင် အပြန်အလှန် လေးစားခြင်းသည် အလွန် အရေးကြီး ကြောင်း၊ အမေရိကန် အစိုးရသစ်အနေနှင့် အောက်ခြေအခြေခံ စည်းမျဉ်းများ ကိုကျောခိုင်းမှု မရှိခြင်းသည် တရုတ်-အမေရိကန် ဆက်ဆံမှု ပုံမှန်ပြန်ဖြစ်စေရေး အတွက် ကြိုတင် လိုအပ်ချက် ဖြစ်ကြောင်း၊ လက်ရှိအခြေအနေမျိုးတွင် နှစ်ဖက်တို့သည် သင့်လျော်သော ဆက်ဆံရေးနည်းလမ်းနှင့် စနစ်ကို ထားရှိပြီး ဆက်ဆံမှု ကောင်းမွန်စေရန် ကောင်းမွန်သည့် အချက်ပြသသင့်ကြောင်း၊ နှစ်နိုင်ငံတို့သည် ကိုဗစ်၁၉ ကပ်ရောဂါ ခုခံထိန်းချုပ်ရေး၊ စီးပွားရေးနာလန်ပြန်ထူရေး၊ ရာသီဥတုပြောင်းလဲမှုစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ရှေ့အလားအလာများစွာရှိကြောင်း၊ ယင်းသည် နှစ်ဖက်အကြား ယုံကြည်မှု ပြန်လည်ထူထောင်ရေးအတွက် ထိရောက်သော နည်းလမ်းလည်း ဖြစ်ကြောင်း၊ နှစ်ဖက်တို့၏ ဘုံရည်မှန်းချက်အတွက် လက်တွဲ ကြိုးပမ်း ဆောင်ရွက်ခြင်းသည် ဆိုးရွားသော ထိခိုက်မှုခံခဲ့ရသော တရုတ်-အမေရိကန် ဆက်ဆံမှုကို ပုံမှန်ပြန်ဖြစ်စေရေးအတွက် သော့ချက်ကျကြောင်းChina Media Groupကဖော်ပြသည်။

ယခုအကြိမ် အမေရိကန် အစိုးရသည် တရုတ်ပြည်နှင့် လက်တွဲကြိုးပမ်းပြီး နှစ်နိုင်ငံဆက်ဆံမှု အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရန် မျှော်လင့်ကြောင်း၊ ယင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ အရင်းခံ အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် ကမ္ဘာအပေါ် ရှိသင့်သော တာဝန်ယူတတ်ခြင်းလည်း ဖြစ်ကြောင်း China Media Group ကဖော်ပြသည်။