宋冉

ပါတီနှင့်နိုင်ငံတော် ကြီးကြပ်ရေးစနစ် တစ်ဆင့်တိုး ကောင်းမွန်ပြည့်စုံလာအောင် ဆောင်ရွက်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2021-01-23 14:25:08  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ စည်းကမ်းကြီးကြပ်စစ်ဆေးရေးဌာန ၂၀၂၁ ခုနှစ် နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးကို ဇန်နဝါရီလ ၂၂ရက်နေ့က ကျင်းပခဲ့သည်။ အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က ပါတီနှင့်နိုင်ငံတော် ကြီးကြပ်ရေးစနစ် ပိုမိုကောင်းမွန်ပြည့်စုံလာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပါတီအတွင်းပိုင်း ကြီးကြပ်ရေးကို အဓိကအဖြစ် ထားပြီး အာဏာကျင့်သုံးမှု ကြီးကြပ်ရေးစနစ်နှင့် ဥပဒေ ကျင့်သုံးရေးစနစ် အဆက်မပြတ် ပိုမိုပြည့်စုံကောင်းမွန်လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။