宋冉

အိန္ဒိယ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ရေးစက်ရုံ မီးလောင်မှု ဖြစ်ပွား၊ လူ၅ဦး သေဆုံး

(GMT+08:00)2021-01-23 15:41:04  

အိန္ဒိယနိုင်ငံ မာဟာရာရှ်ထရာပြည်နယ် ဖိုနာမြို့ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံတစ်ရုံ ၂၁ ရက်နေ့ ညနေပိုင်းတွင် မီးလောင်မှု ဖြစ်ပွားသောကြောင့် လူ ၅ ဦးသေဆုံးခဲ့ကြောင်း အိန္ဒိယနိုင်ငံမီဒီယာများမှ သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းတွင် ဖေါ်ပြပါသည်။

ယင်းမီးလောင်မှုသည် အိန္ဒိယ သွေးရည်ကြည် သုတေသနဌာနမှ အဆောက်အဦးတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ယင်းဌာန၏ သက်ဆိုင်ရာ တာဝန်ရှိသူက မီးလောင်မှုသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်မှုကို ထိခိုက်ခြင်း မရှိကြောင်း ပြောကြားခဲ့ပါသည်။

ယခု မာဟာရာရှ်ထရာပြည်နယ် သက်ဆိုင်ရာဌာနများသည် မီးလောင်မှု၏ အကြောင်းရင်းကို စုံစမ်းနေပါသည်။