၅ရက်နေ့ မနက်ပိုင်းက ပီကင်းမြို့ ဟိုင်တျန့်မြို့နယ်တွင် မြို့သူမြို့သားများသည် ကိုဗစ်-၁၉ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံနေသည်ကို တွေ့ရပါသည်။ ကာကွယ်ဆေးထိုးနှံကြသူများသည် အများအားဖြင့် ကုမ္ပဏီအလိုက် စီစဉ်ပေးထားကြခြင်း ဖြစ်သည်။ ထို့အပြင် ရပ်ကွက်အလိုက် ကြိုတင်ချိန်းထားကြသည့် ရပ်ကွက်နေသူများလည်း ရှိသည်။ ဆေးထိုးခန်းတွင် ထိုးနှံကြသူများသည် အမည်စာရင်း လျှောက်ထားရပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်း အသိအမှတ်ပြုစာချုပ်တွင် လက်မှတ်ထိုးရသည်။ ကာကွယ်ဆေးထိုးခန်း ၁၀ ခန်းကို သီးသန့်ပြင်ဆင်ထားကာ ထိုးနှံသည့် ကာကွယ်ဆေးမှာ တရုတ်ပြည်ထုတ် Sinopharm နှင့် Sinovac ဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိရောက်မှုကာလသည် ၆ လကျော် ဖြစ်ပြီး ကုမ္ပဏီ တစ်ခုတည်းက ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ဟိုင်တျန့်မြို့နယ် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ ဥက္ကဋ္ဌ ကျန်းချူးက အကြံပေးသည်။
ဆေးထိုးခန်း၌ ကာကွယ်ဆေး ထိုးနှံပြီးပါက မိနစ် ၃၀ ကြာကြာ ထိုင်နေရပြီး ပြင်းထန်သော side effect မရှိလျှင် ထွက်ခွာနိုင်သည်။ နေ့စဉ်နေ့တိုင်း ထိုးနှံသူ ဦးရေ ၁၀၀ လောက်ရှိသည်ဟု ဆရာဝန်တစ်ယောက်၏ ပြောကြားချက်မှ သိရသည်။