李悅

နိုင်ငံခြား မီဒီယာသည် တရုတ်ပြည်ကို မုန်းတီးသလား

(GMT+08:00)2021-03-05 15:57:12  

တရုတ်ပြည်ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး ကာရိုလ် ဝစ်လ်စွန်က ယခုလ ၂ရက်နေ့က တရုတ် ဆိုရှယ်မီဒီယာတွင် “နိုင်ငံခြားမီဒီယာသည် တရုတ်ပြည်ကို မုန်းတီးသလား”ဟူသော မေးမြန်းချက် တစ်ခုကို ထုတ်ခဲ့သည်။

ထိုနေ့ညက သတင်းအတုလုပ်ခြင်းဖြင့် နာမည်ကျော်ကြားသည့် တရုတ်ပြည်ဆိုင်ရာ BBC သတင်းထောက် ရှာလေသည် လွန်ခဲ့သည့် ၃-၄နှစ်တုန်းက CCTVသတင်းထောက်က ရှင်းကျန်းရှိ ဆင်းရဲသောဒေသများမှ အခြားဒေသသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် လူငယ် အမျိုးသမီးများကို အင်တာဗျူးလုပ်ကာ ပြုလုပ်သည့် အစီအစဉ်၏ ပထမတစ်ဝက်ပိုင်းကို တည်းဖြတ်၍ ၄င်းအစီအစဉ်၏ ရှင်းပြသည့် စကားများကို ပြောင်းလဲပြီး အစီအစဉ်သစ် တစ်ခုကို ထုတ်လုပ်ခဲ့သည်။ ရှာလေသည် ၄င်း အစီအစဉ်သစ်ကို တရုတ် အစိုးရက ရှင်းကျန်းပြည်သူများအား “အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း”နှင့် “အတင်းအဓမ္မ နေရာ ရွှေ့ပြောင်းစေခြင်း”၏ အထောက်အထား အဖြစ် အသုံးပြုသည်။ China Media Groupမှ သတင်းထောက်သည် ၄င်းအစီအစဉ်သစ်ကို ပြန်လည်ချေပပြီးနောက် အခြား တရုတ် မီဒီယာများသည်လည်း ၄င်းကိစ္စကို ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ဗြိတိန် နိုင်ငံ The Guardian သတင်းစာမှ ဆောင်းပါးတစ်ပုဒ်တွင် “တရုတ်ကွန်မြူနစ်ပါတီသည် BBC၏ အများ ယုံကြည်လက်ခံနိုင်မှုကို ပုတ်ခတ်ပြောဆိုနေကြောင်း” ရေးသားဖော်ပြသည်။

The Guardianက ၄င်းဆောင်းပါးကို နိုင်ငံတကာ လူမှုကွန်ရက်တွင် ထုတ်ပြန်ပြီးနောက် ရရှိခဲ့သော ဗြိတိန် ပရိသတ်များ၏ ဝေဖန်သုံးသပ်ချက် ၂၀၀ခန့် အနက် အများစုသည် တရုတ် အစိုးရ၏ သဘောထား ရပ်တည်ချက်ကို အားပေးထောက်ခံခြင်း ဖြစ်ကြောင်း၊ ယင်းဗြိတိန် ပရိသတ်များသည် ကိုယ့်အတွေ့အကြုံနှင့် လက်တွေ့ခံစားချက်များဖြင့် တရုတ်ပြည်ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး၏ အထက်ပါ မေးမြန်းချက်ကို ဖြေကြားခဲ့ကြသည်။

နိုင်ငံခြား မီဒီယာသည် တရုတ်ပြည်ကို မုန်းတီးသလား_fororder_11

နိုင်ငံခြား မီဒီယာသည် တရုတ်ပြည်ကို မုန်းတီးသလား_fororder_22

နိုင်ငံခြား မီဒီယာသည် တရုတ်ပြည်ကို မုန်းတီးသလား_fororder_33

နိုင်ငံခြား မီဒီယာသည် တရုတ်ပြည်ကို မုန်းတီးသလား_fororder_44