洪荃詮

တရုတ်ပြည်၏ ဖွံ့ဖြိုးရေး ရည်မှန်းချက်များသည် ကမ္ဘာ့စီးပွါးရေး တည်ငြိမ်မှုအတွက် အကျိုးပြုနိုင်မည်

(GMT+08:00)2021-03-05 23:16:05  

တရုတ်ပြည်၏ ဖွံ့ဖြိုးရေး ရည်မှန်းချက်များသည် ကမ္ဘာ့စီးပွါးရေး တည်ငြိမ်မှုအတွက် အကျိုးပြုနိုင်မည်_fororder_微信圖片_20210305231133

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို ဒီလ ၅ ရက်နေ့က ပီကင်းမှာ စတင်ကျင်းပခဲ့ရာ အစည်းအဝေးမှာ စိစစ်ဖို့ တင်ပြထားတဲ့ အစိုးရလုပ်ငန်း အစီရင်ခံစာမှာ ပြီးခဲ့တဲ့နှစ် တစ်နှစ်အတွင်းနဲ့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို ပေါင်းရုံးတင်ပြထားတဲ့အပြင် ၂၀၂၁ ခုနှစ် အဓိက လုပ်ငန်းတာဝန်များနဲ့ ၁၄ ခုမြောက် ငါးနှစ်စီမံကိန်းကာလအတွင်း အဓိက ရည်မှန်းချက် တာဝန်များကိုလည်း စီမံ ချမှတ်ထားပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၂၁ ခုနှစ် GDP တိုးတက်မှုနှုန်းကို ၆ ရာခိုင်နှုန်းကျော် အဖြစ် သတ်မှတ်ထားပြီး အဲဒါဟာ တရုတ်ပြည် စီးပွါးရေး ဖွံ့ဖြိုးမှုမှာ ရင်ဆိုင် နေရတဲ့ ပြည်တွင်းပြည်ပ အခြေအနေကို ပြည့်ပြည့်စုံစုံ ထည့်သွင်း စဉ်းစားတဲ့အပြင် တရုတ်ပြည် စီးပွါးရေး လည်ပတ်မှု လက်တွေ့အခြေအနေနဲ့လည်း ကိုက်ညီပါတယ်။
ယခုနှစ် ဇန်နဝါရီလနဲ့ ဖေဖေါ်ဝါရီလအတွင်း ပို့ကုန် ပမာဏ အပါအဝင် စီးပွါးကုန်သွယ်ရေး ဂဏန်းများဟာ တရုတ်ပြည်စီးပွါးရေးဟာ အရှိန်ကောင်းမွန်စွာ ဆက်လက် တိုးတက်လာနေတာကို ပြဆိုပါတယ်။ ဆိုလိုတာက တရုတ်ပြည် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာ လွန်စွာ ကောင်းမွန်ပြီး တရုတ်နိုင်ငံဟာ အထက်ပါ ၆ ရာခိုင်နှုန်းကျော် တိုးတက်ရေး ရည်မှန်းချက်ကို ဖေါ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာ တရုတ်နိုင်ငံဟာ တံခါးဖွင့်ရေးလုပ်ငန်းကို အတိုင်းအတာ ပိုမို ကြီးကျယ်စွာ၊ နယ်ပယ် ပိုမို ကျယ်ပြန့်စွာ၊ အဆင့်အတန်း ပိုမို နက်ရှိုင်းစွာ ဆောင်ရွက်မှာ ဖြစ်ပြီး နိုင်ငံတကာ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမို ကောင်းမွန်စွာ ပါဝင် ဆောင်ရွက်မယ်လို့လည်း ကတိပြုထားပါတယ်။ ပိုမိုများပြားတဲ့ နိုင်ငံတွေဟာ အကျိုးစီးပွါး မျှဝေခံစားနိုင်မှာ ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးရေး ရည်မှန်းချက်များဟာ ကမ္ဘာ့စီးပွါးရေး တည်ငြိမ်မှုအတွက် များစွာ အကျိုးပြုနိုင်မယ်လို့ China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။